part - 14

8.9K 305 15
                                    

မုန်တိုင်းထန်တဲ့ချစ်ပင်လယ်

( piece~ 14 )

>>>>>>>>>>>>>>>>>>>>>>>>>>>>

"ခါး...ခါးကဘာလုပ်နေလို့လဲ"

ရဲရဲတောက်နေတဲ့ သူ့မျက်လုံးများကိုကြည့်ရင်း
သူမအရည်ပျော်ကြမတက်ပင်...
အကြောင်းရင်းမသိရပဲ ဒေါသထွက်ခံနေရသည်။

"ကိုယ့်ကိုပြန်မမေးနဲ့ မင်းကိုယ်မင်းမေးကြည့်စမ်းခါး"

"ဘာကိုမေးရမှာလဲ ခါးကဘာလုပ်နေလို့လဲ
ရှင်လွှတ် ကျွန်မပခုံးနာတယ်"

"တောက်...ခါး မင်းကွာ!!!!"

ပခုံးလေးကို ညှစ်ဆုပ်ကိုင်ကာ
တော့ပ် ဒေါသတွေထိန်းနေပေမဲ့ အရှိုန်မသတ်နိုင်...

တောက် တစ်ခေါက်ခေါက်နဲ့ ဘာကြောင့်မှန်းမသိရပဲ
သူပေါက်ကွဲနေသည်။
ခါး မျက်ရည်လေးတွေပါးပြင်ပေါ် တလိမ့်လိမ့်ကျလာခဲ့ကာ...

"လုပ်လေ လုပ်ပေါ့
ကျွန်မကရှင့်လက်ထဲကအရုပ်ပဲ
အကြောင်းရင်းမသိရှင်စိတ်ဆိုးတာခံ
ရှင်အော်တာခံရမဲ့ ရှင့်လက်ထဲကရေပဲ"

"................"

"ဒါပေမဲ့ ရှင်မှတ်ထား ကျွန်မနှလုံးသားနဲ့လူ
ကျွန်မလဲရှင်အော်ရင် နာကျင်ရတယ် သိရဲ့လား
ဟီး...ဟီး"

ရှိုက်ကြီးတင်ငိုချလိုက်သောကြောင့်
တော့ပ် မျက်နှာအပျက်ကြီးပျက်ကာ
ခြေမကိုင်မိလက်မကိုင်မိဖြစ်သွားခဲ့သည်။

"ကျစ်...ခါး ဘာလို့ငိုတာလဲ
မငိုနဲ့ကွာ ကိုယ်မကြိုက်ဘူး"

"ငိုတယ် ဘာဖြစ်လဲ ကိုယ့်မျက်စိနဲ့ကိုယ်ငိုတာ
ရှင့်အပူပါလို့လား သွား...အနားမလာနဲ့"

ဒေါသထွက်သ၀န်တိုနေမိတာကသူ...
ခုတော့ ခေါင်းအုံးတွေနဲ့ပေါက်ပြီးနှင်ထုပ်နေတာကသူမသာ...

မျက်လုံးလေးကိုပွတ်သပ်ပြီး ကလေးလေးလို
ငိုနေရှာသော သူမကြောင့် သူစိတ်ထဲကဒေါသ
တွေလဲ ဘယ်ဆီရောက်မှန်းမသိတော့ပါ...

"ကောင်းပြီ ကိုယ်မှားသွားတယ်
မအော်တော့ဘူး....ကိုယ်လုံး၀မအော်တော့ဘူး
မငိုနဲ့တော့နော်"

ဒီနိုင်ငံ Completed (OC)Where stories live. Discover now