Part ~ 1

28.8K 1.4K 143
                                    

zawgyi

" ဒါလေးတောင် ဖြစ်မြောက်အောင် မလုပ်နိုင်ဘူးလား!!...."

စာရွက်စာတမ်းကိုကိုင်မြှောက်လျက် ဟောင်ဖွာဟောင်ဖွာ ဆူပူသောင်းကျန်းနေသည့် ထိပ်ပြောင်ပြောင် ဗိုက်ပူပူ လူကြီးတစ်ဦး ။

" နင်တို့ လစာယူပြီး ဘာအလုပ်တွေ လုပ်နေတာလဲ.. ဟမ်!!... လစာကျတော့ ပုံမှန်ထုတ်ချင်တယ်... အလုပ်ကိုကျတော့... ရေသာခိုတယ်... ဘာမှဖြစ်ဖြစ်မြောက်မြောက် မရှိဘူး!!..."

အား... နားညည်းလာပြီ ။
ဒီလို ပါးစပ်ပူတဲ့ မန်နေဂျာကြီးကို လာဆူပေးမယ့် Sexyကျပြီး ချစ်ဖို့ကောင်းတဲ့ အထက်လူကြီးချောချောလှလှလေး တစ်ယောက်လောက်တောင် မရှိဘူးလား..။

ဇာတ်လမ်းတွေထဲကလို ..

'မန်နေဂျာကြီး... ရှင်.. ဘာကိစ္စနဲ့ ဆူပူနေရတာလဲဆိုပြီး..

ရုပ်လေးသားနားတဲ့ ကိုယ့်ကိုတော့ အထက်လူကြီး အလှလေးက..

'ကင်မ်ထယ်ယောင်းရှီ.. ပြောစရာရှိလို့ ရုံးခန်းထဲကို လိုက်ခဲ့ပါ.. ဆို..

" ကင်မ်ထယ်ယောင်း!!!.... မင်းက ငါ့စကားကို ရယ်စရာမှတ်နေတာလား ဘာကိစ္စ သွားသုံးဆယ့်နှစ်ချောင်းက ဖြီးနေတာလဲ!!..  ငါ့စကားကို ပြက်ရယ်ပြုတာလား!!.."

သေစမ်း!!..
ဂျာကြီးရဲ့ဒေါသက ငါ့ဘက်ရောက်လာပြီ ။
ကင်မ်ထယ်ယောင်း သွားလေးပြန်စေ့လိုက်ရင်း..

" ဟုတ်ပါဘူး... ဂျာကြီးကလဲ..."

" မင်းက ပိုအဆိုးဆုံး!!... အလုပ်ကိုလည်း အမြဲတမ်း အချိန်နောက်ကျမှရောက်တယ်!!..."

" အဲ့ဒါက ကားလမ်းပိတ်...."

" မင်းတစ်ယောက်တည်း ယာဉ်လမ်းကြောကို သုံးတာလား!! တခြားသူတွေလည်း အဲ့လိုပဲ လာရတာပဲ... မင်း ထုချေလွှာတင်!!... "

" ဗျာ!!..."

" မင်းက Marketing target ကို ပြည့်မှီအောင် မလုပ်နိုင်ဘူးလေ... အရင်လထက်လည်း ထက်ဝက်လောက် ရောင်းအားကျသွားတယ်..  မင်းရဲ့လစာထဲကဖြတ်မယ်!!... "

" ဂျာကြီး!!...."

" ပါးစပ်ပိတ်... "

အပေါက်ဆိုးသည့် ဂျာကြီးက သူပြောချင်ရာပိတ်ပြောပြီး အလုပ်ကိစ္စဖုန်းလာ၍ သူတို့ မားကတ်တင်း ဌာနမှ ထွက်ခွာသွားသည် ။

The Destiny of Love (Complete)Donde viven las historias. Descúbrelo ahora