Part ~ 16

8.4K 1K 62
                                    

zawgyi

ထယ်ယောင်းကို ငုံ့မိုးကြည့်နေသည့် အကိုဂျောင်ကု၏အကြည့်စူးစူး ။
ကင်မ်ထယ်ယောင်း ဖရိုဖရဲဖြစ်သွားသည့် ရင်ခုန်သံအချို့ကို နာကျည်းသည့်စိတ်နှင့် အစားထိုးလိုက်ကာ သူ့ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည် ။

" ဘာလဲ.. ကျွန်တော့်ကို ချစ်ခင်နှစ်သက်တာလည်း မဟုတ်ဘဲနဲ့... ဘာလို့ ခင်ဗျားစိတ်တိုင်းကျ ခိုးပြေးလာတယ်ပြောတာလဲ.. ရွာသူရွာသားတွေကြောင့် ခင်ဗျား ဒီလိုလုပ်နေတာမလား... ကျွန်တော် လုံးဝ လုံးဝ ခင်ဗျားနဲ့ မယူနိုင်ဘူး.. ကျွန်တော့်ကို မချစ်တဲ့ယောက်ျားနဲ့ တစ်ဘ၀လုံးကိုလည်း အတူတူမဖြတ်သန်းနိုင်ဘူး.. ကျွန်တော် ပြန်မယ်..."

အပြင်သို့သာ ထွက်ရန်တာဆူနေသည့် သူ့၏ခန္ဓာကိုယ်ကို ဂျွန်ဂျောင်ကု ပြန်ဆွဲလှည့်လိုက်၍ မျက်နှာချင်းဆိုင်စေလိုက်သည် ။

" ဘယ်သူက မင်းကို မချစ်ဘူးပြောလို့လဲ ကင်မ်ထယ်ယောင်း.. "

" အဲ့ဒါက ပါးစပ်ကပြောမှ သိမှာလား.. အင့်.. ခင်ဗျားက အဲ့မိန်းမကိုပဲ ကြိုက်တာမလား.. ကျွန်တော် တွေ့ခဲ့ပြီးပြီ.. ခင်ဗျားနဲ့သူနဲ့ကို... အီး..ဟီး.. ခင်ဗျားအရှေ့မှာ မျက်ရည်မကျချင်ပါဘူးဆိုမှ.. အခုတော့ အရှုံးသမားနဲ့ လုံးလုံးကြီးကိုတူလို့.. အင့်.. သိက္ခာကျလိုက်တာ... "

သူ့ရင်ဘတ်ကို လက်သွယ်သွယ်လေးနှင့် တဘုန်းဘုန်းရိုက်ထု ပေါက်ကွဲနေသော ကင်မ်ထယ်ယောင်းကြောင့် ဂျွန်ဂျောင်ကု သဘောကျသလို ပြုံးမိလိုက်သည် ။

" ပြုံးတယ်??.. ခင်ဗျား!..ခင်ဗျား!!.. ကျွန်တော့်ကို လှောင်နေတယ်ပေါ့.. ကျွန်တော် ဒီလို ဖြစ်နေတာကို လှောင်ရယ်တယ်ပေါ့.. "

" သူက ငါ့ရဲ့ရည်းစားဟောင်းဆိုတာ မှန်တယ်..."

" ဘာ!!... "

" ဒါပေမယ့် လွန်ခဲ့တဲ့ ၅နှစ်တည်းက ပြတ်ပြီးသွားပြီ.. သူ အခု လာတွေ့တယ်ဆိုတာက သူ့ရဲ့မင်္ဂလာဖိတ်စာကို လာပေးတာ.. "

" ခင်ဗျားရဲ့ရင်ခွင်ထဲ ၀င်ပြီးတော့ ဖိတ်စာပေးတာလား... "

" သူ မတော်တဆ ခြေချော်သွားလို့ ထိန်းပေးရုံပဲ.. "

The Destiny of Love (Complete)Where stories live. Discover now