Part ~ 5

7.3K 979 53
                                    

zawgyi

ညကောင်းကင်က မှောင်ရိပ်ပျိုးနေပြီဖြစ်သော်လည်း ကင်မ်ထယ်ယောင်းတစ်ယောက် ကွပ်ပျစ်ထက်တွင် အရုပ်ကြိုးပြတ်ထိုင်ချလျက်သားနှင့် သူ့ကို ဂျောင်ကုဆိုသွားသော စကားကသာ ခေါင်းထဲတ၀ဲလည်လည် ။

" ငါ့..ငါ့ကို အလုပ်လုပ်ခိုင်းတယ်ဆိုတော့.. ဘာ..ဘာလို့လဲ.. ငါ ထမင်းအများကြီးများ စားမိလိုက်လို့လား.. အခုမှ ငါဒီကိုရောက်တာ တစ်ရက်ပဲရှိသေးတာလေ... ငါ့ရဲ့စရိတ်စကကလည်း အဲ့လောက်ကြီး မထောင်းသေးပါဘူး..."

သူ့၏ရိုးရာအိမ်သူငယ်လေးထဲသို့ ယိုင်တိယိုင်တိုင် ပြန်ဝင်လာသည့် ကင်မ်ထယ်ယောင်း ။
ကြမ်းခင်း၌ ထိုင်ချမိရုံပင် ရှိသေးသည် ။
ဖုန်းမြည်လာ၍ အိတ်ကပ်ထဲမှဖုန်းကိုထုတ်ရင်း Contact nameပင် မကြည့်နိုင်ဘဲ ဖွင့်နားထောင်လိုက်သည် ။

" အခြေအနေ ဘယ်လိုလဲ.. အမွေခံလေး.."

သူ့၏သူငယ်ချင်းဖြစ်သူ ဟိုဆော့၏ အသံက တက်တက်ကြွကြွဆိုသော်ငြား ထယ်ယောင်းကတော့ မြေပြင်ကွဲမတတ် သက်ပြင်းဆောင့်ချမိသည် ။

" ဘ၀ကြီးက အရမ်းအဆင်ပြေနေတယ်.."

" အိုး.. ကြားရတာ ၀မျးသာလိုကျတာ.. မင်းအဘွားက တကယ်ချမ်းသာတာလား.. ခန့်မှန်းချေ ပိုင်ဆိုင်မှုက ဘယ်လောက်ရှိလဲ.. အိမ်ကြီးကရော ဟီးနေတာပဲလား.. အလုပ်သမားက ဘယ်လောက်ရှိလဲ.. မင်းကို ဖူးဖူးမှုတ်ဂရုစိုက်ကြတယ်မလား..."

သူ့၏ရွဲ့တဲ့တဲ့အပြောကို အတည်မှတ်ကာ စပ်စုနေသည့် ဟိုဆော့အား ထယ်ယောင်း စိတ်ပေါက်ပေါက်ဖြင့် ပြန်မဖြေဘဲ ဖုန်းချပစ်လိုက်သည် ။

ဟိုဆော့ဘက်မှ ဖုန်းထပ်ခေါ်ဆိုလာသော်လည်း သူ လျစ်လျူရှုပြီး အိပ်ရာထက် လှဲချလိုက်ရင်း အစောပိုင်းကဖြစ်စဉ်ကို ပြန်သုံးသပ်နေမိသည် ။

" ဘာလို့ ငါ့ကို အလုပ်လုပ်ခိုင်းတာလဲ.. ငါက အမွေဆက်ခံသူလေ.. သူက.. ငါ့ရဲ့ဦးလေးဆိုတော့ ပါဝါအာဏာပြချင်နေတာလား.. ငါ သူ့အပေါ်လည်း ဘာအမှားမှ မလုပ်မိဘဲနဲ့.. ငါ သူ့ကို လေးလေးစားစားလည်း ဆက်ဆံခဲ့ပါတယ်.. အဲ့ဒီ့ထက် ရိုရိုသေသေ ဆက်ဆံပေးရမှာများလား.. အား!!.. "

The Destiny of Love (Complete)Where stories live. Discover now