Part ~ 3

8.3K 1K 59
                                    

zawgyi

ဖရိုဖရဲပုံစံနှင့် ကွပ်ပျစ်တစ်ခုမှာထိုင်နေရသည့် ကင်မ်ထယ်ယောင်း နာကျင်သွားသော ခြေကျင်းဝတ်ကိုဖိရင်း ဆယ်ယောက်ထက်မနည်းသည့် ယောက်ျားအုပ်ဘက် မသိမသာ အကဲခတ်မိသည် ။

" ရသွားပြီ အကိုဂျောင်ကု!!..."

" သူ့ကို တင်းကုပ်ထဲ ပြန်ခေါ်သွားလိုက်..."

သူ နားစွင့်နေသည့်စကားအရတော့ အကိုဂျောင်ကုဆိုသည့်လူက အခရာကျပုံရသည် ။

" ဒါက အကို့ရဲ့အိတ်မလား..."

အကိုဂျောင်ကုဆိုသည့်လူမျက်နှာအား ယခုတိုင်သေချာမတွေ့ရသေး၍ ပြူးပြူးပြဲပြဲကြည့်နေစဉ် သူထိုင်နေသည့်ကွပ်ပျစ်ပေါ်သို့ လက်ဂေ့ခ်ျလာတင်ပေးသော ကောင်လေးတစ်ဦး ။

" ဟုတ်တယ်... ကျေးဇူးပဲ... "

" သုံးလို့မရလောက်တော့ဘူးထင်တယ်.."

နွားအုပ်ထဲလွှတ်ချခဲ့သည့် အကျိုးကျေးဇူးကြောင့် ပိန်လိမ်ချိုင့်ခွက်နေသည့် လက်ဂေ့ခ်ျ ရူပကာ ။
ကင်မ်ထယ်ယောင်း မျက်နှာလေးမဲ့သွားလျက် ဆွဲမမိစဉ် သော့ပြုတ်သွားသော လက်ဂေ့ခ်ျထဲမှ ဖွာခနဲထွက်ကျလာသည့် အ၀တ်အစားနှင့်အသုံးအဆောင်ပစ္စည်းများ ကာတွန်းရုပ်လေးနှင့်အတွင်းဝတ်များ ။
ဖြစ်ချင်တော့ လေကြမ်းတစ်ချက် ဝေ့လာစဉ် သူ့၏အ၀တ်အစားများအပြင် ကာတွန်းရုပ်လေးနှင့် အတွင်းဝတ်များကပါ လေပင့်ရာရွေ့ပါသွားကြသည် ။
'ဒါက ဘယ်လိုအရှက်ကွဲအကျိုးနည်းမှုကြီးလဲ!..

မျက်နှာထားစရာမရှိတော့လောက်အောင် ကင်မ်ထယ်ယောင်း ကြောင်အစွာ ။
လက်ဂေ့ခ်ျယူဆောင်လာပေးသည့်ကောင်လေးကလည်း သူ့ပစ္စည်းများကို ကောက်ပေးရမလို မကောက်ပေးရမလို ကုန်းကုန်းကွကွ ။
အခြားသူများကလည်း မကျြလုံးဝိုငျးသှားကွလကျြ သူ့အပေါ်အကြည့်များ စုပြုံရောက်ရှိလာကြသည် ။
ထိုအခါမှ ကင်မ်ထယ်ယောင်း ကွပ်ပျစ်ထက်မှ ကပျာကယာဆင်းလျက် ရှက်ရှက်နှင့် သူ့ပစ္စည်းများအား လက်လှမ်းမိသလောက် လိုက်ကောက်လိုက်သည် ။

" ဟို... ဒါနဲ့ အကိုက ကျွန်တော်တို့ရွာက ဘယ်သူ့ဆီကို လာတာလဲ.. "

The Destiny of Love (Complete)Where stories live. Discover now