zawgyi
" အကို အပင်ပေါ်က ပြုတ်ကျလို့ဆို..."
ကင်မ်ထယ်ယောင်း အခြေအနေလေး နည်းနည်းသက်သာ၍ အိမ်ထဲမှထွက်ကာ လမ်းသလားနေစဉ် သူ့ဘေးရောက်လာသည့် ချွဲယောန်ဂျွန်း ။
" ဘယ်လိုသိတာလဲ..."
" အကို.. ဒီရွာက တစ်ခုခု ဖြစ်ပြီဆို မသိတဲ့သူမရှိတာ ထုံးစံပဲ..အကိုက အပင်ပေါ်ကနေ ဗုန်းခနဲဆိုပြီး ပက်လက်လေးပြုတ်ကျလာတယ်ဆိုတာ တစ်ရွာလုံးနှံ့နေပြီ.."
" အားရှ်... ရှက်ဖို့ကောင်းလိုက်တာ..."
" အခုက ဘယ်သွားမလို့လဲ.. "
" အိမ်မှာနေရတာပျင်းလို့ လမ်းလျှောက်ထွက်လာတာ.. လိုင်းလည်းမမိတော့ ဖုန်းကလည်း သုံးလို့မရဘူးလေ.."
သူ့ဘေးမှာ လိုက်ပါလျှောက်လာသည့် ချွဲယောန်ဂျွန်းက ခေါင်းလေးတညိတ်ညိတ် ။
" ဖုန်းကိုပဲ အားပြုရှင်သန်နေတဲ့သူဆိုရင်တော့ ဒီရွာက ပျင်းဖို့ကောင်းတာပေါ့.. ဒါကလည်း အပြစ်တင်လို့ မရပါဘူးလေ.. ခေတ်ကိုက အင်တာနက်ခေတ်ကို.. မိုးလင်းကနေ မိုးချုပ်ထိ ဖုန်းလေးမှ မပွတ်ရရင် စားမ၀င်အိပ်မပျော်ဘူး.. ကျွန်တော်က ထိပ်ဆုံးပဲ.."
" ဒါနဲ့.. ဟိုမှန်ကြောင်ကို တွေ့မိသေးလား.."
" အကိုက မှန်ကြောင်ကို ဘာလို့ရှာတာလဲ.."
ချက်ချင်းဆိုသလို သူ့ကို မျက်မှောင်ကြုတ်လျက်ကြည့်လာသော ယောန်ဂျွန်းက စိတ်အလိုမကျသည့်ပုံမျိုးပြနေသည်ကြောင့် ထယ်ယောင်း မလုံမလဲ ။
" ဒီအတိုင်း...."
" သူနဲ့မပတ်သက်နဲ့နော် အကို.. အဲ့မှန်ကြောင်က စိတ်မှန်တာမဟုတ်ဘူး.. အကို့ကို ပေါက်ကရလေးဆယ် လျှောက်ပြောလိမ့်မယ်... "
" အင်းပါ..."
သူ့အလိုကျ ခေါင်းညိတ်ပြတော့ ကျေနပ်သွားသည့်ဟန်နှင့် ယောန်ဂျွန်းက တကယ့်ကိုကလေးလေး ။
သို့သော် ထယ်ယောင်းကတော့ သိန်းသောင်းချီကိုသာ အလွန်တရာ ကြွေနေသည်မို့ မှန်ကြောင်အား တွေ့လိုတွေ့ငြား မသိမသာ ဝေ့၀ဲရှာမိသည် ။" ယောန်ဂျွန်း... ငါတို့ ဘောလုံးကန်မလို့.. ပါမလား.."
" မေးစရာလိုလို့လား.. ငါလာပြီ... ကျွန်တော် သွားလိုက်ဦးမယ် အကို.. "
YOU ARE READING
The Destiny of Love (Complete)
RomanceKim Taehyung × Jeon Jungkook Sweet romance, Comedy Taekook makes me happy.