Part ~ 17 (final)

15.2K 1.2K 141
                                    

zawgyi

" စားပွဲတွေ ရွှေ့ဟေ့.. ဟိုဘက်ကို.. စားပွဲခင်းက အဖြူပဲသုံးမှာနော်... "

ဂျွန်ဂျောင်ကု နှင့် ကင်မ်ထယ်ယောင်းတို့ ကျွဲလာကျောင်းလေ့ရှိသော မြက်ခင်းပြင်၌ စားပွဲ၀ိုင်းများကို နေရာချကာ ခုံသယ်သူကသယ် စားပွဲခင်းခင်းသူကခင်းနှင့် ခြေချင်းလိမ်နေကြသည် ။

" ပြောတော့ ထမင်းပဲ ကျွေးမှာဆို ဒီနားကို တကူးတက ဘယ်လိုသယ်မှာလဲ..."

" အကျွေးအမွေးကတော့ ရွာထဲက အဘွားအို့ဆွန်းအိမ်မှာပဲ.. ဒီနားက ပွဲလုပ်မှာတဲ့.. "

" ဘယ်လိုကြီးလဲ..."

" ဟာ.. ဦးကြီးတို့က သိပ်အထာမပေါက်ဘူးပဲ... အနောက်တိုင်းဆန်ဆန် မြက်ခင်းပြင် မင်္ဂလာပွဲ လုပ်မှာဗျို့..  "

" အဲ့ဒါက ဘာလဲ..  "

" ဘာလဲဆိုတာတော့ ပွဲနေ့မှ ကြည့်တော့ဗျာ.. သတိုးသားလောင်းလေးက ဒီလိုမျိုးလေး ဆောင်ချင်ပါတယ်ဆိုလို့ အကိုဂျောင်ကုက သူ့သဘောကျ အစစအရာရာ လိုက်လျောပေးနေလေရဲ့.. "

" ငါတော့ နားမလည်ပါဘူးကွာ.. မြက်ခင်းပြင်ပေါ်မှာ မင်္ဂလာဆောင်ချင်ရတယ်လို့.. တယ်လည်း ထူးဆန်းတဲ့ ကလေးတွေ..."

စိမ်းလန်းစိုပြည်သည့် မြက်ခင်းပြင်ထက် စားပွဲ၀ိုင်းများ နေရာတကျချကာ စားပွဲခင်းအဖြူထက် နှင်းဆီဖြူထိုးထားသည့် ပန်းအိုးများဖြင့် အလှဆင်ထားသော ပွဲအနေအထားလေးက တဖြည်းဖြည်း ရုပ်လုံးပေါ်လာသည် ။

" နောက်ဆုံးတော့ ပြီးသွားပြီ... "

မြက်ခင်းပြင်ထက် ပြင်ဆင်မှုလေး ပြီးဆုံးသွားချိန်မှာတော့ ချွဲယောန်ဂျွန်း စိတ်လွတ်ပေါ့ပါးစွာ ပြုံးမိလိုက်သည် ။
.
.
.

" ကိုကြီး.. ပြီးပြီလား.. ဝါး... လှလိုက်တာ... "

အိမ်ထဲ၌ ပြင်ဆင်မှု ပြုနေသော သတိုးသားလောင်းလေးထံ ရောက်ရှိလာသည့် အိုဘုတ်တစ်ယောက် မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသားလေး ။

အနောက်တိုင်းဝတ်စုံပြည့် အဖြူရောင်လေးနှင့် မိတ်ကပ်အနည်းငယ် ခြယ်သထားသည့် မျက်နှာက ဖူးကြွနေလျက် ပုံသွင်းထားသည့် ဆံနွယ်အုပ်အုပ်တို့နှင့် ကိုကြီးထယ်ယောင်းက သက်ရှိကြွေရုပ်လေးအတိုင်း ။

The Destiny of Love (Complete)Waar verhalen tot leven komen. Ontdek het nu