Part ~ 10

7.8K 993 71
                                    

zawgyi

ကြားလိုက်ရသောစကားကို လုံးစေ့ပတ်စေ့ မနားလည်စွာ သူတို့ ဆက်နားစွင့်နေစဉ် ရှေ့နေကြီးထံမှ စကားထပ်မံ ထွက်ကျလာသည် ။

" အကယ်၍ သူတို့နှစ်ဦး လက်ထပ်ခြင်းအမှု မပြုခဲ့သော် ငါပိုင်သမျှအကုန်လုံးကို မည်သူမျှ ထိခွင့်အသုံးချခွင့်မရှိစေရဘဲ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေ အကုန်လုံးကိုလည်း ပိတ်သိမ်းမယ်..
အဲ့ဒီ့တော့ သေတမ်းစာအရ ဒီဘက်က ဂျွန်ဂျောင်ကရှီနဲ့ ဒီဘက်က ကင်မ်ထယ်ယောင်းရှီတို့ နှစ်ဦးသား လက်ထပ်ထိမ်းမြားမှ အဘွားအို့ဆွန်းရဲ့ပိုင်ဆိုင်မှုတွေကို ဆက်ခံခွင့်ရမှာပါ.. အဲ့လို မဟုတ်ဘူး ဆိုရင်တော့ အဘွားအို့ဆွန်း မှာကြားခဲ့တဲ့အတိုင်း ပိုင်ဆိုင်မှုအကုန်လုံးကို မည်သူတစ်စုံတစ်ယောက်မျှ အသုံးချခွင့်မရှိစေရဘဲ ပိတ်သိမ်းလိုက်မှာပါ.. အခုလက်ရှိ လည်ပတ်နေတဲ့ လုပ်ငန်းစဉ်တွေ အကုန်လုံးလည်း ရပ်တန့်လိုက်ရမှာပါ... "

" ဘာလဲ.. ဒီစကားအရဆိုရင်.. သူတို့လက်မထပ်ရင် ငါတို့ကလည်း အလုပ်လက်မဲ့ဖြစ်မှာလား..."

" ငါတို့ ဘယ်လိုလုပ်ကြမလဲ!.."

ရင်ထဲ၌ ပွဲပျက်သွားသော ကင်မ်ထယ်ယောင်းနည်းတူ ရွာသူရွာသားများထံမှလည်း ဆူညံသံများ ထွက်လာကြသည် ။

" အချိန်ကတော့ ဒီသေတမ်းစာကို ဖတ်ပြပြီး သုံးလအတွင်းမှာ နှစ်ဦးသား လက်ထပ်ထိမ်းမြားခြင်းအမှုမပြုရင် အလိုလို ပိတ်သိမ်းခံရမှာပါ.. "

မထင်မှတ်ထားသော အဘွား၏သေတမ်းစာကြောင့် ကင်မ်ထယ်ယောင်း အကြီးအကျယ်ရှော့ခ်ရသွားရသည် ။
'ဒါ..ဒါက ငါ့ကို အမွေမပေးဘူးလို့ တိုက်ရိုက် ပြောချလိုက်တာနဲ့ အတူတူပဲမလား!!...

" ကာယကံရှင်တွေရဲ့ သဘောထားက ဘယ်လိုရှိလဲ.. "

ရှေ့နေကြီးအမေးအား ကင်မ်ထယ်ယောင်း ရှော့ခ်အကြီးအကျယ်ရနေမှုကြောင့် မဖြေဆိုနိုင် ။
ဂျွန်ဂျောင်ကုကလည်း အလေးအနက် စဉ်းစားနေသည်မို့ အဖြေမထွက်လာ ။

" သေတမ်းစာထဲက အကြောင်းအရာက ရုတ်တရက်ဆန်နေတော့ နှစ်ဦးလုံးအတွက် အခက်အခဲရှိမယ်ဆိုတာ နားလည်ပါတယ်.. အဲ့ဒီ့တော့ ကျွန်တော် သုံးလပြည့်တဲ့အထိ စောင့်ပါမယ်.. အဲ့ဒီ့အချိန်အတွင်း ကာယကံရှင်နှစ်ဦးသားက လက်ထပ်ဖို့ စိတ်ကူးမရှိဘူးဆိုရင်တော့ သေတမ်းစာထဲကအတိုင်းပဲ ဆောင်ရွက်ပါမယ်.. "

The Destiny of Love (Complete)Where stories live. Discover now