Part ~ 8

6.9K 905 19
                                    

zawgyi

" မင်း ဘာလို့ ငါ့ကို ဒီလိုလုပ်ကြံတာလဲ... "

ဂျွန်ဂျောင်ကုက သူ့အရှေ့၌ မျက်နှာသူငယ်လေးနှင့် ထိုင်နေသော ကင်မ်ထယ်ယောင်းကို မေးခွန်းခပ်ပြတ်ပြတ်ထုတ်လိုက်သည် ။

" ဟို... တောင်း..တောင်းပန်ပါတယ် ဦးလေး... "

လိမ်လည်မည်ဆိုလျှင်လည်း အကျိုးမထူးသည်မို့ မျက်နှာပူပူနှင့်သာ ထယ်ယောင်း ၀န်ခံမိသည် ။
သူ့အရှေ့ ထိုင်နေရသည့် ခံစားချက်က လုံးဝကိုစိတ်မသက်သာ ။
အပြစ်ကျူးလွန်ထားသည်ဖြစ်၍ သူ့အကြည့်စူးစူးအောက်မှာ ပခုံးလေးကျုံ့သည်ထက် ပိုမိုကျုံ့ဝင်သွားရသည် ။

" မင်း.. ငါ့ကို အဲ့လောက်တောင် အမြင်ကတ်နေတာလား.. "

အဖြေမရှိသလို ထယ်ယောင်း ခေါင်းလေးငုံ့ထားမိလျှင် ဂျွန်ဂျောင်ကုက သက်ပြင်းခပ်သဲ့သဲ့ချသည် ။

" ထားပါ.. ငါလည်း ဒီကိစ္စကို အကျယ်မချဲ့ဘူး.. နောက်တစ်ခါသာ ငါ့ကို ၀မ်းနှုတ်ဆေး မခတ်နဲ့.. အဲ့ဒါက... ခံရခက်တယ်.."

ထိုစကားကိုဆိုလိုက်သည့် ဂျွန်ဂျောင်ကု၏ မျက်နှာက နီရင့်ရင့် ။
လွယ်လင့်တကူ ခွင့်လွှတ်သော သူ့ကြောင့် ထယ်ယောင်း မထင်မှတ်ထားသလို မျက်လုံးအ၀ိုင်းသားလေးနှင့် ကြည့်မိသည် ။

" ညနေစာကတော့ ဒေါ်လေးမီရော့တို့ ပြန်လာမှပဲ ချက်ပါစေ.. မင်းကတော့ တစ်ခုမှ မထိနဲ့.. "

ထိုင်ခုံမှ ထထွက်သွားသော ဂျွန်ဂျောင်ကု ။
ထိုအခါမှ ထယ်ယောင်း မျက်နှာကို လက်နှစ်ဖက်ဖြင့် အုပ်မိသည် ။

" အား.. တည့်တည့်မိရတယ်လို့.. ရှက်ဖို့ကောင်းလိုက်တာ. ငါ နောက်ကို ဘယ်လိုမျက်နှာပြရပါ့.. အား!.. အီး.. သူက ဒီလိုခွင့်လွှတ်တော့ ငါကပဲ အလကားနေ စိတ်ပုပ်ကြီး ဖြစ်သွားပြီ.. "

ညနေအိပ်ရာဝင်သည်အထိ မအီမလည်ခံစားချက်ကြီးနှင့် ကင်မ်ထယ်ယောင်း ကုတင်ထက် ဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နှင့် အချိန်အတန်ကြာ သက်ပြင်းတရှိုက်ရှိုက် ။

အကိုဂျောင်ကု၏လွယ်လင့်တကူ ခွင့်လွှတ်ပေးလိုက်သည့်အချက်က သူ့ကို သိမ်ငယ်စေသည် ။

The Destiny of Love (Complete)Where stories live. Discover now