Part ~ 11

7.8K 974 95
                                    

zawgyi

ရွာသုသာန်အတွင်းမှ အတူတူယှဉ်တွဲ၍ ပြန်ထွက်လာခဲ့ကြသည့် ဂျွန်ဂျောင်ကုနှင့် ကင်မ်ထယ်ယောင်း ။
သူ့ဘေး၌ ပါလာသော အကိုဂျောင်ကုကို ထယ်ယောင်း မသိမသာခိုးကြည့်ရင်း အခုထက်ထိ အကိုဂျောင်ကု၏ စကားများက နားထဲကမထွက် ။

" ကင်မ်ထယ်ယောင်း ငါတို့ လုပ်ကြည့်ကြတာပေါ့... အဲ့ဒီ့လက်ထပ်တယ်ဆိုတာကို..."

သူ့စကားကို ရှော့ခ်ရသွားလျက် အတန်ကြာမတုံ့ပြန်နိုင်ဘဲ ငူငူငိုင်ငိုင်ကြီး ရပ်နေမိခဲ့သည် ။

" တစ်ခုခုတော့ ပြန်ဖြေလေ... "

" ဗျာ!!.."

" ငါ့ဘက်က မင်းကို လက်ထပ်ချင်တဲ့ စိတ်ဆန္ဒရှိတယ်.."

" ခဏ.. ခဏ!!.. ဦးလေးက ဗြုန်းစားကြီးဆိုတော့.. ကျွန်တော် သိပ်နားမလည်ဘူး.. အခုက ကျွန်တော့်ကို လက်ထပ်မယ်ပြောတာလား.. "

အသည်းအသန် တုံ့ပြန်သော ထယ်ယောင်းကို သူက ခေါင်းညိတ်ပြသည် ။

" ဘာလို့လဲ??!. ကျွန်တော်က ယောက်ျားလေး တစ်ယောက်နော်..."

" အဆင်ပြေတယ်.. ငါ မင်းကို လက်ထပ်ချင်တယ်.."

" ဘာလို့လဲ!?..."

အဖြေပေးရခက်သွားသောသူ့ကို ကင်မ်ထယ်ယောင်း တအံ့တသြကြည့်နေရင်းမှ တစ်စုံတစ်ရာ တွေးတောမိသွားရလျက်..

" ဦးလေး ဒီလိုလုပ်နေတာက.. ရွာသူရွာသားတွေကြောင့်မလား..."

ဆိတ်ဆိတ်ငြိမ်သက်နေခြင်းက ၀န်ခံခြင်းတစ်မျိုးပေမို့ ကင်မ်ထယ်ယောင်း ထောင်းခနဲထွက်လာသည့် ဒေါသတရားတို့ကို မြိုသိပ်လိုက်သည် ။

" အော်... မေတ္တာကရုဏာရှင်ကြီးပဲ.. ဒီမှာ ဦးလေး.. ကျွန်တော်ကတော့ ဦးလေးလိုမျိုး စိတ်ထားမဖြူဘူး.. အူအသည်းပုပ်တယ်ဆိုတာ.. ဦးလေးက အသိဆုံးဖြစ်မှာပါ.. လက်ထပ်တယ်ဆိုတာက ကျွန်တော့်ရဲ့တစ်ဘ၀လုံးနဲ့ဆိုင်တဲ့ကိစ္စ.. ကျွန်တော်က ကျွန်တော် ချစ်တဲ့သူ ကျွန်တော့်ကို ချစ်မြတ်နိုးတဲ့သူနဲ့ပဲ လက်ထပ်မှာ.. ဒီလို တာဝန်ဝတ္တရားကြီး ပုံစံမျိုးနဲ့တော့ ကျွန်တော် လုံးဝ လက်မထပ်နိုင်ပါဘူး.. အားနာပေမယ့် ကျွန်တော့်ကို ခွင့်ပြုပါဦး.. ဒီရွာကနေ အမြန်ဆုံးထွက်သွားချင်ပြီ... "

The Destiny of Love (Complete)Where stories live. Discover now