Part ~ 4

7.7K 998 29
                                    

zawgyi

" ပန်းဆိုင်က ဟိုဘက်မှာရှိတယ်.. မင်း ၀င်၀ယ်ချင်တယ်ဆိုရင်.. "

ထယ်ယောင်း အမေးအား ဖြေကြားခြင်းမရှိဘဲ စကားလမ်းကြောင်းလွှဲသွားသည့်သူ့ကြောင့် ထယ်ယောင်း၏သံသယက သေချာသွားခဲ့သည် ။
'သူ ငါ့ကိုမုန်းနေတာပဲ.. ဘာလဲ.. ငါက အမွေဆက်ခံရမယ်ဆိုလို့လား...။

ပန်းဆိုင်သို့ရောက်လျှင် အဖြူရောင်နှင်းဆီလေးကိုသာ ထုတ်ပိုးခိုင်းလိုက်သည် ။

" ကောင်လေးက... "

" ဟုတ်.. ကျွန်တော်က အဘွားအို့ဆွန်းရဲ့မြေး..."

" အော်!!... ဟို နွားဝှေ့ခံရတယ်ဆိုတဲ့ ကောင်လေး... "

ပန်းဆိုင်မှအဒေါ်ကြီး၏ နှုတ်ခွန်းဆက်သပုံကြောင့် ကင်မ်ထယ်ယောင်း အီလည်လည်ဖြင့်သာ ပြုံးပြလိုက်သည် ။

" နောက်ကို ပျင်းရင် ဒီဘက်တွေလည်း လာလည်နော် ကောင်လေး..."

" ဟုတ်... "

" အဒေါ့်ဆီမှာလည်း ကောင်လေးနဲ့ရွယ်တူ သားလေးတစ်ယောက်ရှိတယ်.. သူက တက္ကသိုလ်တက်နေတာလေ.. အခုတော့ ကျောင်းပိတ်လို့ အိမ်ပြန်ရောက်နေတယ်... "

" ဟုတ်..."

တက္ကသိုလ်ကျောင်းသားဆိုတော့ ငါ့ထက်ငယ်တာပေါ့ ။
ငါဖြင့် ကျောင်းပြီးတာ ၄နှစ်လောက်ရှိနေပြီ ။

" နောက်လည်း ပန်းလာဝယ်နော်..."

" ဟုတ်ကဲ့ ဒေါ်လေး..."

ထူးထူးခြားခြား သူ့ကိုဖော်ရွေသော ရွာခံအဒေါ်ကြီးတစ်ယောက်ကြောင့် ကင်မ်ထယ်ယောင်း သွားသုံးဆယ့်နှစ်ချောင်း ပေါ်အောင်ပင် လှိုက်လှိုက်လှဲလှဲ ပြုံးပြမိလိုက်သည် ။
'လူတိုင်းကတော့ ငါ့ကိုမျက်မုန်းကျိုးနေတာ မဟုတ်လောက်ပါဘူး...။

ပြီးလျှင် သူ့ကိုရပ်စောင့်နေသော အကိုဂျောင်ကုဘက်သို့ ပန်းစည်းလေးကိုပိုက်လျက် ပြန်လာခဲ့မိသည် ။

" ရပြီ... "

သူ့စကားကို မည်သည်မျှမတုန့်ပြန်ဘဲ အရှေ့ကနေသာ ဦးဆောင်ထွက်သွားသည့် ထိုလူသား ။
'ဂါး!!.. ငါနေလာတဲ့ သက်တမ်းတစ်လျှောက်လုံး ဂျာကြီးက ငါ့ရဲ့အမုန်းဆုံးလူဖြစ်ခဲ့တာကို.. အခုတော့ သင်းဖြစ်တော့မယ်ထင်တယ်!..

The Destiny of Love (Complete)Where stories live. Discover now