Part ~ 6

7.1K 933 18
                                    

zawgyi

မနက်ခင်းအလင်းရောင် မထွက်သေးဘဲ မှောင်မိုက်နေသေးသည့်အချိန်ဆိုသော်လည်း မနက်၎နာရီထိုးသည်နှင့် အိပ်စက်နေကြသော ရွာသူရွာသားများကအလျှိုလျှို အိပ်ရာမှထလာကြကာ မျက်နှာသစ် ထမင်းဟင်းချက်၊ တစ်နေ့တာ လုပ်ရိုးလုပ်စဉ် အလုပ်များကို ဆောင်ရွက်ကြနေပြီ ။

ထိုသို့ အသက်ဝင်လှုပ်ရှားနေပြီဖြစ်သော ရွာလေးအတွင်း ကင်မ်ထယ်ယောင်းကတော့ အိပ်မက်မက်ကောင်းနေဆဲ ။

" သူ့ကို သွားနိုးလိုက်..."

မီးဖိုခန်းထဲ ဒေါ်လေးမီရော့ကိုကူပြီး ချက်ပြုတ်ပြင်ဆင်ပေးနေသော အိုဘုတ်တစ်ယောက် အကိုဂျောင်ကု၏စကားကြောင့် အားတုံ့အားနာဟန် မျက်နှာငယ်လေးနှင့် အကိုဂျောင်ကုကို ကြည့်မိသည် ။

" ကိုကြီးက အခုမှ ရွာကို လာလည်တဲ့ဧည့်သည်ဆိုတော့.. အခုချိန်မထချင်လောက်သေးဘူးထင်တယ်.. "

" ငါ သူ့ကို ဧည့်သည်လို့ မသတ်မှတ်ဘူး.. သူ ဒီမှာလာနေပြီဆိုတည်းက ငါတို့ရဲ့လူနေမှုပုံစံအတိုင်း လိုက်နေထိုင်ရမှာပဲ.. သွားနိုး.. ပြီးရင် မီးဖိုချောင်ထဲ အလုပ်လာကူခိုင်း.. "

တည်ကြည်ပြတ်သားသည့် အကိုဂျောင်ကုစကားအဆုံး အိုဘုတ် ခေါင်းလေးကုတ်ရင်း ကိုကြီးထယ်ယောင်း နေထိုင်သည့် ရိုးရာအိမ်သူငယ်လေးဆီ လျှောက်လာခဲ့ရသည် ။
ပုံမှန်ဆို အကိုဂျောင်ကုက စိတ်သဘောထားကောင်းပြီး လူသားတိုင်းအတွက် ဖြည့်တွေးပေးတတ်သူကို အခုကျမှ မည်သို့ဖြစ်သည်မသိ ။
အိုဘုတ်အနေနှင့်လည်း အကိုဂျောင်ကုကို ကြောက်ရွံ့ရိုသေလေးစားရသူ ဖြစ်၍ သူ့စကားအတိုင်း ကိုကြီးကို အော်ဟစ်နိုးရတော့သည် ။

" ဗျို့!!.. ကိုကြီး!!.. ကိုကြီး!!.. ကိုကြီး!!..."

ထယ်ယောင်း မနိုးမချင်း အိမ်ရှေ့တံခါးကိုထုရိုက်၍ အော်ဟစ်နေသော အိုဘုတ်ကြောင့် အိပ်မက်ကမ္ဘာထဲ ပျော်မွေ့နေသော ကင်မ်ထယ်ယောင်းတစ်ယောက် လက်ရှိကမ္ဘာကို ရောက်လာရသည် ။

" အင်း... ဘာလဲဟာ.. အိပ်လို့ကောင်းနေတာကို... "

" ဗျို့!!.. ကိုကြီး!..."

The Destiny of Love (Complete)Where stories live. Discover now