Part ~ 15

8.2K 997 65
                                    

zawgyi

'လက်ထပ်မယ်..။
ကင်မ်ထယ်ယောင်း သူ့၏တစ်ဘ၀လုံးနှင့် သက်ဆိုင်သည့် လက်ထပ်ခြင်းအမှုကိစ္စကို သေချာသုံးသပ်နေမိသည် ။
စစတွေ့ချင်းတုန်းကတော့ အဆင်မပြေခဲ့သည့် သူတို့နှစ်ဦးကြား အခုတော့ ချစ်သူရည်းစားလည်း မမည်ပေမယ့် ထိုလူကြီး၏အပြုအမူ စကားတွေကြောင့် ရင်ခုန်စိတ်လှုပ်ရှားရတာတော့ အမှန်ပင် ။

လက်ထပ်တယ်ဆိုရင် ငါက ဒီရွာမှာပဲ တစ်သက်လုံးနေရတော့မှာပေါ့..။
ငါ နေနိုင်ပါ့မလား ။
တကယ်လို့ ငါသာ ဒီရွာသားဖြစ်သွားခဲ့ရင် ငါ အနှစ်နှစ်အကာကာလ စိတ်ကူးယဉ်ခဲ့ရတဲ့ အိပ်မက်တွေကို စွန့်လွှတ်လိုက်ရမှာပဲ ။
ငါ အဆင်ပြေပါ့မလား ။

အတိအကျမထွက်လာသော မေးခွန်းတွေကို ထယ်ယောင်း ခေါင်းယမ်းရှင်းထုတ်မိပြီး ရိုးရာအိမ်သူငယ်လေးထဲကနေ ထွက်လာခဲ့မိသည် ။

ကြက်သွန်ဖြူ ကြက်သွန်နီတွေကို ခွာနေကြသည့် ဒေါ်လေးမီရော့တို့၊ တစ်ချို့ကျ မုန်ညှင်းဖြူထုပ်များကို သန့်ကာ ကင်မ်ချီစိမ်ရန် ပြင်နေကြသည် ။
ထင်းများကို အပြင်၌ဖိုထားသည့် မီးဖိုကြီးဘေး သယ်ထမ်းချနေကြသည့် ကောင်လေးအုပ်စု ။
အကိုဂျောင်ကုကတော့ ထင်းများကို ပုဆိန်ဖြင့် ခုတ်နေသည် ။
စွပ်ကျယ်ဝတ်ထား၍ အထင်းသား မြင်နေရသည့် လက်မောင်းကြွက်သားများက သွားရည်တမြားမြား ကျချင်စရာ ။

ထို့ကြောင့် ထယ်ယောင်း ပါးစပ်အဟောင်းသားနှင့် ငမ်းနေမိပြီးမှ အသိစိတ် မနည်းပြန်ခေါ်လိုက်ရကာ ဆံနွယ်ကို နားရွက်ကြားလေးထဲ ညပ်ထည့်လိုက်ရင်း သူ့ဆီသို့ချဉ်းကပ်လာမိသည် ။

" ဒီနေ့က ခြံထဲမသွားဘူးလား ဦးလေး.. "

" ညနေမှ သွားမယ်..."

" အာ...."

" ထင်းစစင်လိမ့်မယ်.. ဘေးဖယ်နေ... "

ပုဆိန်ဖြင့် ထင်းအခုတ်မပြတ်သော အကိုဂျောင်ကု၏နဖူး၌ စီးကျနေသော ချွေးစ ။
ထို့ကြောင့် ထယ်ယောင်း သူ့အိတ်ကပ်ထဲ ဆောင်ထားသည့် လက်ကိုင်ပဝါကိုထုတ်ကာ စေတနာသဒ္ဒါပိုစွာဖြင့် ကိုယ်တိုင် သုတ်သင်ပေးမိလျှင် အကိုဂျောင်ကုက တောင့်တောင့်ကြီးနှင့် သူ့ကိုကြည့်လာသည် ။

The Destiny of Love (Complete)Where stories live. Discover now