Part ~ 7

6.6K 906 20
                                    

zawgyi

" အား.. ကျွတ်..ကျွတ်.. ဗိုက်ကထပ်နာလာပြန်ပြီ... "

ဂျွန်ဂျောင်ကုတစ်ယောက် တစ်ရေးနိုးပါပြီဆိုတည်းက ဗိုက်ရစ်နေ၍ အိမ်သာဆီသို့ ၀င်နေရသည်မှာ ဘယ်နှစ်ကြိမ်မြှောက်ရှိပြီမှန်းတောင်မသိ ။
ကြာတော့ လူက မြော့မြော့သာကျန်ရှိပြီး အိပ်ရာထဲ ဘုန်းဘုန်းလဲသွားသည်အထိ ။

" ဝါး.."

အညောင်းအညာဆန့်၍ အိပ်ရာမှနိုးထလာသော ကင်မ်ထယ်ယောင်း ။
ထူးထူးခြားခြား အိပ်ရေးဝနေသလိုခံစားချက်ကြောင့် သူ့၏မျက်ဝန်းတို့ အားတင်းဖွင့်ကြည့်မိလျှင် ပြင်ပက၀င်ရောက်နေသော နေရောင်ခြည်နုနုကြောင့် အိပ်ရာထက်ကနေ ကုန်းရုန်းထထိုင်မိလိုက်သည် ။

" ဟင်!?... မိုးတောင်လင်းသွားပြီလား.. ငါ့ကို အိုဘုတ်က ဘာလို့လာမနိုးပါလိမ့်.. "

ကင်မ်ထယ်ယောင်း ခေါင်းရင်းမှဖုန်းကိုဖွင့်၍ နာရီကိုကြည့်မိလျှင် မနက် ၈နာရီပင်ခွဲနေပြီ ။
ထို့ကြောင့် မျက်နှာသစ်ရန်အတွက် လိုအပ်သည့်ပစ္စည်းများထည့်ထားသော ခြင်းတောင်းသေးသေးလေးကိုဆွဲလျက် တွင်းရေကန်ဆီထွက်လာခဲ့သည် ။

" ငါ စိုက်ခင်းကို လိုက်သွားရမယ်ထင်တယ်..."

မျက်နှာမြန်မြန်သစ်ပြီး အ၀တ်အစားလဲလျက် ကမန်းကတန်း အိမ်ထဲကနေပြန်ထွက်လာသည့် သူ့ခြေလမ်းတို့က အကိုဂျောင်ကုနေသည့် အခန်းဆွဲတံခါးကို ဖွင့်၍ ရှေ့ဆင့်နောက်ဆင့် ထွက်လာသော အိုဘုတ်နှင့်ဒေါ်လေးမီရော့ကြောင့် တန့်သွားရသည် ။

" ကိုကြီး..."

" အင်း.. ဒီနေ့က ဘာလို့လာမနိုးတာလဲ... "

" အော်.. အကိုဂျောင်ကု ၀မ်းပျက်ပြီး နေမကောင်းဖြစ်နေလို့ပါ.. လုံးဝမဟန်လို့ ညသန်းခေါင်ကြီး ဆေးဆရာသွားပင့်ရတဲ့အထိပဲ.. "

" ဟမ်!?..."

" ညတုန်းက အစားလည်း မမှားဘဲနဲ့ ဘာလို့ ၀မျးပကျြသှားရတာလဲ မသိဘူး.."

အိုဘုတ်၏စဉ်းစားမရသလို ပုံစံကြောင့် ထယ်ယောင်း မလုံမလဲ ။

" အ..အခုရော ဦးလေး ဘယ်လိုနေသေးလဲ... "

" အိပ်မောကျနေတယ်.. "

The Destiny of Love (Complete)Where stories live. Discover now