Part ~ 14

8K 981 79
                                    

zawgyi 

အိမ်ဝင်းထဲသို့ ပြန်လာသည့်လမ်းတစ်လျှောက်လုံး ထယ်ယောင်း ပြုံးတုံ့တုံ့ဖြင့် သူ့ဘေး၌ လိုက်ပါလာသော အကိုဂျောင်ကုကို ခိုးခိုးကြည့်နေမိသည် ။

ရုပ်တည်ကြီးနှင့် ထိုလူကြီးကတော့ အေးအေးလူလူဖြင့်သာ ။
ခြံဝင်းထဲရောက်သည်နှင့် ရွာသူရွာသား၏ အမြင်ရှိသေးသည်ကြောင့် ကင်မ်ထယ်ယောင်း သူ့ကိုနှုတ်ဆက်မနေဘဲ ရိုးရာအိမ်လေးဆီသို့သာ ၀င်လာခဲ့လိုက်သည် ။

" ခင်ပွန်းကောင်း.... "

ထိုစကားလေးကို တီးတိုးရေရွတ်ရင်း ပုံမှန်မဟုတ်သည့်ရင်ခုန်သံအား သတိပြုမိလျှင် သူ ခေါင်းယမ်းရှင်းထုတ်ကာ အခန်းထဲချိတ်ဆွဲထားသည့် မှန်ဆီအကြည့်ရောက်မိလျှင် ဆောင်းထားသည့် ဦးထုပ်ဝိုင်းထက် တန်ဆာဆင်ထားသည့် မော်ဒန်စိမ်းရောင် ပန်းပွင့်အဖတ်သလက်က ပြူးပြူးပြဲပြဲကြီး ။

" အမယ်လေး!!..  အော်မိတော့မလို့.. တကယ် အရူးကျနေတာပဲ.. "

ဦးထုပ်ကို ဆွဲချွတ်လိုက်ပြီး အိပ်ရာခင်းပုံပေါ်ပစ်တင်ရန်ပြင်ပြီးမှ လက်တန့်သွားလျက် သူ မကြိုက်သည့် ဒီဇိုင်းကာလာဆိုသော်လည်း အကြည့်တို့က နူးညံ့သွားလျက် စားပွဲထက် အသာအယာတင်လိုက်သည် ။

" ခင်ပွန်းကောင်း... ဒါပေမယ့် အဲ့ဒါက စိတ်ရင်းမဟုတ်ဘဲ ၀တ်တရားအရပွောတာမလား... "

မျက်ကွယ်ပြုချင်သည့် အကြောင်းအရာက ခေါင်းထဲဝင်လာလျှင် ထယ်ယောင်း ထိုဦးထုပ်ကို အကြည့်လွှဲလိုက်သည် ။
'စိတ်ကူးယဉ်ဆန်တဲ့ အချစ်ဆိုတာက ဇာတ်လမ်းထဲမှာပဲရှိတာ.. ဟူး~.. အသိစိတ်လေး သေချာကပ်စမ်းပါ ကင်မ်ထယ်ယောင်း..
သူက မင်းကို တကယ်ချစ်တာမျိုး မဟုတ်ဘူး..။

ညနေထမင်းစားတော့လည်း ဒေါ်လေးမီရော့တို့နှင့်သာ အတူတူစားဖြစ်ပြီး အကိုဂျောင်ကုကိုတော့ မတွေ့မိ ။
တစ်ခြံဝင်းထဲနေသည်ဖြစ်သော်လည်း သူ့ကို မသိစိတ်က ဝေ့၀ဲရှာနေမိသည့် ထယ်ယောင်းအဖြစ် ။

" ကိုကြီး... သခွားသီး ကပ်ဦးမလား..."

" ဟင်??.. တော်ပြီ.. ညီလေး.. မကပ်တော့ဘူး... အကို အထဲပဲဝင်တော့မယ်... "

The Destiny of Love (Complete)Where stories live. Discover now