Part ~ 13

8K 977 137
                                    

zawgyi

မနေ့ညတုန်းက အကိုဂျောင်ကု၏သခွားသီးကပ်ပေးသော အဖြစ်အပျက်က ပြန်တွေးမိတိုင်း ထယ်ယောင်းကို မျက်နှာပူစေသည်ဖြစ်၍ သူ အကိုဂျောင်ကုနှင့် မဆုံမိအောင် တမင်သက်သက်ရှောင်ဖယ်နေမိသည် ။

အခုလည်း အိမ်ထဲကထွက်ရန်အတွက် သူရှိမရှိ ချောင်းကြည့်နေစဉ် ဘွားခနဲပေါ်လာသော အိုဘုတ်ကြောင့် လန့်ဖြတ်စွာ ရင်ဘတ်ဖိမိလိုက်သည် ။

" ကိုကြီး... အကိုဂျောင်ကုက မြို့ထဲသွားမှာ ဘာမှာဦးမလဲတဲ့..."

" မြို့ထဲ??.."

သူ့အနေနှင့် ဤရွာလေးသို့ရောက်တည်းက မြို့ထဲကို အခုထိမရောက်ဖူးသေး ။

" သူက ဘာသွားလုပ်မှာလဲ.. "

" ပွဲရုံသွားမှာလေ ကိုကြီး.. စိုက်ခင်းက ထွက်တဲ့သီးနှံတွေကို ပွဲရုံသွင်းတာ.. ပြီးတော့ အခြားဆိုင်တွေကလည်း လက်လီလက်ကားယူတော့ သွားပို့ပေးမှာထင်တယ်..."

" လိုက်လို့ရလား မသိဘူးနော်..."

" ရတာပေါ့ ... အကိုဂျောင်ကုတစ်ယောက်တည်း သွားတာမှ မဟုတ်တာ.. အခြားသူတွေလည်း ပါတယ်.. "

" ဒါဆို.. အကိုလိုက်မယ်လို့ ပြောပေး.. အကို အ၀တ်အစားလဲပြီး ထွက်လာခဲ့မယ်..."

" ဟုတ်ကဲ့..... "

အပြင်သို့ ရှိုးစမိုးနှင့် ထွက်မလည်ရသည်မှာ ကြာပြီဖြစ်၍ ကင်မ်ထယ်ယောင်း အဝတ်အစားလှလှလေးလဲဝတ်ရင်း မျက်နှာကိုလည်း ကြည့်ကောင်းအောင် သလိုက်သည် ။

ပြီးမှ အိတ်လေးလွယ်ရင်း ခြံဝင်းထဲထွက်ခဲ့သည့် သူ့ပုံရိပ်က အခြားနေ့များထက် ပိုမိုကြည့်ကောင်းနေသည် ။
အရင်ကလည်း ချောပြီးသားဆိုပေမယ့် ပြင်ဆင်လိုက်တော့ ပိုသားနားကြည့်ကောင်းတာမျိုး သဘောပေါက်တယ်မလား ။

ခြံဝင်းထဲ အလုပ်လုပ်ကူနေကြသော ရွာသူရွာသားများက သူ့ကို ပြူးတူးပြဲတဲကြည့်နေလျှင် ပုံသွင်းထားသည့် ဆံပင်လေးကို သပ်ပြလိုက်သည် ။

ကိုယ့်ကိုကိုယ် ယုံကြည်မှုပြင်းထန်လွန်ကဲစွာ မော်ဒယ်လ် လျှောက်သလို လျှောက်လာသည့် သူ့ခြေလမ်းက ခြံရှေ့၌ဆိုက်ရပ်ထားသော ထော်လာဂျီကိုတွေ့လျှင် ကြက်သေသေသွားရသည် ။
'ဒါ...ဒါကြီးနဲ့တော့ သြားမွာ မဟုတ်ဘူးမလား..။

The Destiny of Love (Complete)Where stories live. Discover now