Intro

17K 917 87
                                    

Unicode~

ဧက​ထောင်ချီတဲ့ ဝါခင်းကြီးပါရယ်...။

​တစ်ခါတစ်ခါ ​လေယူရာအတိုင်း ဝါဂွမ်းစ​လေး​တွေ ပါလာတတ်​သေးတာ။

စံအိမ်ကြီး​ရှေ့က နှင်းဆီရုံကြီး​တွေမှာ ဝါဂွမ်းစိုင်နုနု​လေး​တွေ ကပ်ညှိ​နေတတ်တာ။
​ဂျော်ဂျီယာပြည်နယ်ရဲ့ ​​လေညှင်းက သယ်​ဆောင်လာတဲ့ ဝါဂွမ်းစငယ်​​လေး​တွေ​ပေါ့..။

'​ဒေါက် ​ဒေါက်!'

"မလာနဲ့ ဘယ်သူမှ မလာနဲ့! သတ်ပစ်မှာ​နော်!"

​မှောင်မိုက်မိုက်အခန်းထဲ ဝင်လိုက်ရင် ​ခြေလှမ်းတိုင်းက ​သွေးစ​တွေနဲ့ စူးနစ်​နေမှာ။
မီးအလင်း​ရောင်ဆိုတာလည်း ဘယ်​နေမှန်းမသိ။
မှန်ပြတင်းကျယ်ကြီး​တွေဆိုတာ ခန်းဆီးလိုက်ကာကို မဖွင့်ဟစတမ်း။

'ကျွီ!'

ဖွင့်လိုက်တိုင်း အသံမြည်လာ​သော တံခါးမကြီးက တံခါးပတ္တာမှာ ဆီထည့်ဖို့လို​နေ​ကြောင်း သရုပ်​ဖော်​နေသည်။
တံခါးရွက်ကြီး​နောက်က​နေ ဝင်လာ​သော အလင်းတန်းကို ဖြစ်​စေ ​ခြေလှမ်းဖွဖွ​တွေကိုဖြစ်​စေ သူမနှစ်မြိုပါ။

"တံခါး​တွေဖွင့်လေ"

"မဖွင့်ဘူး...မလာနဲ့!"

တိုတိုတုတ်တုတ်​ခြေတံ​လေး​တွေက တုန်တုန်ရီရီလှမ်း​နေ​ပေမယ့် အ​နောက်မှာ ပါလာတဲ့ ​ခြေလှမ်း​တွေက ခပ်ကျယ်ကျယ် ခပ်သွက်သွက်..။
ထို​ခြေလှမ်း​​တွေနဲ့ ပထမဆုံး ထိ​တွေ့ကြုံဆုံဖူးခြင်း။

မီးအိမ်ထဲမှာ ဆီမီးကိုထွန်းပြီး​နောက် ​ခြေတံတိုတုတ်တုတ်​လေးများက အခန်းပြင်ထွက်သွားသည်။

"ခင်ဗျား ဘယ်သူလဲ"

​မှောင်မိုက်မိုက် အခန်းကျယ်ကြီးထဲမှာ​တောင် သူသွား​တွေ​ပေါ်​နေသည်အထိ ပြုံး​နေပါလားဆိုတာကို အလိုလို ခံစားလို့ရ​နေသည်။

"မင်းနဲ့​ရှေ့​လျှောက် နှစ်ပါးသွားရမယ့်လူ"

ထိုလူက ခန်းဆီးလိုက်ကာ​တွေကို​ဘေးတစ်ဖက်စီသို့ ပင့်တင်​နေသည်။
အခန်းထဲကျူး​ကျော်ဝင်လာ​သော ​နေရောင်က စိတ်ကို အ​နှောက်အယှက်ဖြစ်​စေသည်။
ဖြစ်မြဲထုံးစံအတိုင်း ​ဒေါသ​သွေး​တွေဆူပွက်လာပြီး ​တွေ့ရာ ဖန်ခွက်ဖြင့် သူ့ဆီလှမ်း​ပေါက်​တော့...

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now