Part 23

2.3K 373 26
                                    

Unicode~

Joannaအမျိုးသား Peterက ခွင့်ရက်​စေ့တာနဲ့ ​ရှေ့တန်းပြန်ရသည်။
Joannaက သူ့​ယောကျ်ား​ရှေ့တန်းတက်တည်းက မျက်နှာက မသာမယာ၊ တစ်ခါတ​လေ Peterကို ရည်မှန်းပြီး ပုတီးစိတ်​နေ​တတ်သည်။

လင်ပူမိ​နေတဲ့ Joannaကို ကြည့်ပြီး Taehyungစိတ်ဆင်းရဲလာသည်။

"ကျက်သ​ရေမရှိ​အောင် ထမင်းဝိုင်းမှာ ဆူပုတ်မ​နေနဲ့၊ မသိရင် မင်းလင်ပဲ ​ရှေ့တန်းထွက်ရသလိုလို"

"ကိုကို​လေး! ငါ့ကို အဲ့လိုမ​ပြောနဲ့.. ​​အေး​ပေါ့​လေ မင်း​ယောကျ်ားက ပြည်နယ်အတွက် အသက်လှူထားတဲ့လူမှ မဟုတ်တာ"

Joanna စကား​တွေက Jeonကိုပါ ထိလာပြီမို့ Taehyung​ဒေါသထွက်ရသည်။
Jeonက​တော့ မနက်စာကို ခပ်​အေး​အေးသာစား​နေသည်။
သို့​သော် ထမင်းပွဲကို စိတ်​ရောက်ပုံမရ၊ တစ်ခုခုကို အကြီးအကျယ်​တွေး​တော​နေဟန်။

"မင်း သူ့ကို ထိပါးစရာမလိုဘူး"

"ကိုကို​လေးက​ရော ငါ့စိတ်ကို နားလည်လို့လား။ ​ရှေ့တန်းမှာ ​နေ့ဘာဖြစ်မလဲ ညဘာဖြစ်မလဲမသိရတာကို ဒီ​လောက်​တော့ ပူမှာ​ပေါ့"

Joannaက ထမင်းစားတူကို စားပွဲ​ပေါ်ပစ်ချပြီး ထသွားသည်။

"​ဟော... သူဘာဖြစ်​နေတာလဲ ခုတ​လော"

"သခင်​လေးကလည်း အဲ့တာ အိမ်​ထောင်သည်အမျိုးသမီး​တွေ ဖြစ်​​လေ့ရှိတာ ဖြစ်​နေတာ"

ထမင်းချက်မိန်းမကြီးက လှမ်း​ပြော​ပေမယ့် Taehyung နားမလည်။
ထမင်းချက်ကြီးက​တော့ ပြုံးစိစိနဲ့ တစ်ခုခုကို အပိုင်အနိုင်ကြီး သိ​နေပုံ။

"​ဟေ.. ဘာကြီးတုန်း"

"အ​ဒေါ်ကြီးက ​လျှောက်​ပြော​နေပြန်ပြီ။ သူ့ဟာသူ လွမ်းနာကျ​ပြီး ဖြစ်​နေတာကို"

Jeon ​ပြောလိုက်​တော့မှ မိန်းမကြီးက သူ့ပါးစပ်သူအုပ်၍ မီးဖိုခန်းထဲဝင်သွားသည်။

​ယောကျ်ားကြီးဖြစ်ပြီး အမျိုးသမီး​တွေအ​ကြောင်း သူ့ထက်ပိုသိသလို လုပ်ပြ​နေတဲ့ Mr. Jeonကို ပွစိပွစိနဲ့ ပါးစပ်က​ပြော​နေသည်။

"အ​ဒေါ်ကြီးက ဘာ​ပြောချင်တာလဲသိချင်ပါတယ်ဆို ခင်ဗျားကလည်း"

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now