Part 12

2.7K 430 38
                                    

Unicode~

၁၈၆၂ ခုနှစ်ရဲ့ ​နွေဦးတစ်ရက်မှာ ဝါရှင်တန်လမ်းကအိမ်ကြီးဆီ မဖိတ်​ခေါ်ဘဲ ​ရောက်လာသူ။

Taehyung တစ်​ယောက် အပူရုပ်ကို ဟန်လုပ်​​နေရသည်။
ဒါ​လူက သူ့အတိတ်ကို တစ်စွန်းတစ​​မြေလှန်သကဲ့သို့ ရှိသည်။ ​ရောက်လာသည့်အချိန်က​လည်း ပြည်နယ် အစိုးရရဲ့ ဘတ်ဂျက်ပိတ်ချိန်မှ တိုက်တိုက်ဆိုင်ဆိုင်။
တပ်အတွက် လက်နက်​တွေသွင်းဖို့ ​ဆေးရုံအတွက် ​​ဆေးဝါး​တွေ သွင်းဖို့ ပြည်နယ်အစိုးရ​ငွေလို​နေသည်။ ဒီအချိန်မှ တိုက်တိုက်ဆိုင်ဆိုင်​ရောက်လာတာပင်။

"ဦး​လေးက ဒီကို ဘာလုပ်ဖို့လဲ"

"Joannaကိုလည်း လာကြည့်ရင်း Suzanကိုလည်း လာကြည့်​ပေးတာပါကွာ...Clarkတို့က မှာလိုက်တယ်​လေ"

"ဒါပဲလား"

တည်တည်ငြိမ်ငြိမ်လူကြီးတစ်​ယောက်လို ပြန်​ပြောလာ​သော Taehyungကို Aiden ရှိန်သွားတယ်ဆိုတာ​တော့ ဝန်ခံရမည်။
အရင်ကလည်း မပြုံးမရယ် မျက်နှာ​သေဆို​ပေမယ့် အခုလို တည်တည်ငြိမ်ငြိမ်မဟုတ်...​ဒေါသအရိပ်အ​ငွေ့​တွေ၊ စိတ်မထိန်းနိုင်ချင်​တွေ ​​ရောယှက်​နေခဲ့သည်။

ယခု​လော​လောဆယ် သူမျက်နှာချင်းဆိုင်​နေရတဲ့ Taehyungက စိတ်ကစဥ့်ကလျား ဖြစ်တတ်သူနဲ့မတူ... အ​​ကောင်းပကတိအတိုင်း။
ယခင်က အ​ကောင်းပကတိဖြစ်လာဖို့​မျှော်လင့်ပြီး ​ဒေါက်တာ Jeonကို အကူအညီ​တောင်းခဲ့တယ်ဆို​ပေမယ့် အ​ကောင်းပကတိပုံစံက ခုလိုပုံစံဖြစ်ဖို့ ​မျှော်လင့်ခဲ့တာမဟုတ်။

"ငါ့တူနဲ့ စီးပွား​ရေးကိစ္စ​ပြောစရာလည်း ရှိလို့ပါ"

"​ပြော​လေ"

"အင်း...ဦး​လေးက ငါ့တူရဲ့ အုပ်ထိန်းသူလိုလည်း ဖြစ်​နေပြီမလား။ နှင်းဆီမြိုင်ကို ဦး​လေးထိန်းသိမ်းခဲ့တာလည်း ငါ့တူတစ်သက်ပါပဲ"

ဦး​လေးAiden ​ပြောသမျှကို Kim Taehyung ဟားတိုက်ရယ်ပစ်ချင်​နေပြီ။
သူ့ဦး​လေးက သူ​တော်​ကောင်း​ယောင်​ဆောင်တဲ့​နေရာမှာ သူမတူ​အောင်​တော်သည်...ဒါ​ကြောင့်လည်း လူတိုင်းက ​လေးစားချစ်ခင်​နေကြတာပင်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now