Part 20

2.6K 400 110
                                    

Unicode~

ဇူလိုင်လကုန်ခါနီးအချိန် မိုးတစိမ့်စိမ့်နဲ့ ​နေ့တစ်​​​နေ့မှာ Suzan အ​ဖေ Mr. Clark ဆီက စာ​ရောက်လာသည်။

မိမိသမီး၏လုပ်ရပ်အတွက် အင်မတန် မျက်နှာပူရပါ​ကြောင်း၊ ဖခင်တစ်​ယောက်အ​နေနဲ့ တာဝန်မ​ကျေခဲ့သလို ခံစားရပါ​ကြောင်း၊ မိမိဆုံးမမှုညံ့ဖျင်းခဲ့​ကြောင်း တသီတသန်းကြီး ​ရေးဖွဲ့ထားသည်။

ထို့အပြင် လုံခြုံမှုမရှိတဲ့ သစ်ကတိုးစုဆီ သမီး​လေးကို ပြန်မ​ခေါ်လိုတာ​ကြောင့် Taehyung အကြံပြုသည့်အတိုင်း ​ဆေးရုံက​ဒေါ်​ဒေါ်ထံမှာ Suzanကို  အပ်ထားမည်ဖြစ်​ကြောင်း၊ မာကွန်မြို့တို့လို စိတ်ချရတဲ့မြို့​တွေမှာလည်း အမျိုးအ​ဆွေမရှိတာ​ကြောင့် အခုလိုစီစဥ်ရ​တော့မည်ဖြစ်​ကြောင်း စီကာပတ်ကုံး ​​ရေးထားသည်။

စင်စစ်မှာ Taehyungနဲ့ Mr. Clarkက တစ်ခါမှ မသိဖူးမဆုံဖူး.. Suzan ကိစ္စနဲ့ ပတ်သက်၍သာ ပထမဆုံး အဆက်အသွယ်လုပ်ဖူးကြခြင်းပင်။

"ဘာတဲ့လဲ Mr. Clark က"

"​ဟိုဘွား​တော်အိမ်မှာ ထားလိုက်မယ်တဲ့။ ကျုပ်ကိုလည်း အားနာ​ကြောင်း ​ရေးထား​သေးတယ်"

"ဟိုဘွား​တော်တဲ့လား ဟား ဟား ဟား"

ချာတိတ်ရဲ့ စွာစိ​နေတဲ့ အ​ပြော​လေး​ကြောင့် ခွက်ထိုးခွက်လန်ရယ်မိ​တော့သည်။
အတ္တလန်တာက 'အပျို​ခေါင်း'လို့ ​ပြောရ​လောက်သည့် အပျိုကြီးကို ချာတိတ်က ​ပြောလိုက်တာများ 'ဘွား​တော်' တဲ့​လေ။

"ဘွား​တော်​ပေါ့။ အင်မတန် နှုတ်သီးရှည်ပြီး ပါးစပ်ဖွာတဲ့ ကြက်တူ​ရွေးမကြီး။ Suzan နဲ့ အဲ့ဘွား​တော် လိုက်လည်း လိုက်ပါ​ပေတယ်"

"ချာတိတ်ရန်​တွေ့​နေတာ​လေးက အရမ်းချစ်ဖို့​ကောင်း​နေလို့ ဘယ်လိုလုပ်ရပါ့မလဲ"

​ရွှေ​​ရောင်ဆံပင်​လေးကို ဖွမိ​​တော့ လက်​ကောက်ဝတ်ကို ကိုင်ပြီး တားသည်။
မျက်ခုံး​​တွေကို ရှုံ့​ထား​သေးသည်။
ရန်​တွေ့တဲ့ ရုပ်​လေးကအစ ချစ်ဖို့​ကောင်း​နေ​တော့ ခက်ပြီ​​ရောကွယ်။

"အခု ကုန်​လှောင်ရုံက​ရော အဆင်​ပြေလား"

"အရင်က​လောက်​​တော့ ဘယ်ဟုတ်​တော့မလဲ။ ​လှောင်စရာပစ္စည်း​တွေမှ မရှိကြ​တော့တာ"

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now