Part 2

5.3K 550 87
                                    

Unicode~

မြင်းနီကြီးက ကတ်လွန်းသည်။ ဇက်ကြိုးကို ဆွဲရလွန်းလို့ လက်​တွေက ​သွေး​ခြေဥချင်ချင်။
ဒီ​မြင်းကို ​ဒေါသ​တွေထွက်လာသည်။
​သွေးတစက်စက်ကျ​နေတဲ့ ဓါး​မြှောင်တို​​လေးက လမ်းခုလတ် တစ်​နေရာရာမှာ ကျခဲ့​လောက်ပြီ။

​နေ​ရောင်စူးရဲရဲက မညှာမတာ ​ခေါင်း​ပေါ်ကျ​နေသည်။
ခုချိန် ​နေ​​ရောင်ခြည်ကို ​မော့ကြည့်မိလျှင် မူး​​မေ့လဲ​လောက်သည်။
Taehyung တချို့​နေ့​တွေဆို ​နေ​ရောင်ခြည်အလင်းကို ကြိုက်သည်...အထူးသဖြင့် မြင်စရာ ​သွေး​ရဲရဲ​တွေ ရှိတဲ့အခါ။
​လော​လောဆယ် အမြင်အာရုံထဲ ​သွေး​ရောင်မရှိ... သို့အတွက် ​နေ​ရောင်ခြည်ကို သူမုန်းသည်။

"​ဟေ့...ဒီမှာ...အား! ဟ ဘယ်လို​ကောင်​လေးလဲ"

မြင်းနီကြီးကို ဒုန်းစိုင်းစီးလာရင်း တစ်​ယောက်​ယောက်က အ​ရှေ့က​နေဆီး၍တား​နေသည်ကို ​တွေ့သည်။
ဇက်ကြိုးဆွဲ​ပေမယ့် မြင်းက ဂျစ်တစ်တစ်။
အရှိန်ထိန်းမရတဲ့အဆုံး မြင်းနီမကြီး ​​ပြေးအားခွာအား​ကြောင့် ထိုလူက လဲသွားသည်။

အရှိန်​နှေးသွား​သော အခါမှ ထိုလူကို လှမ်းကြည့်မိသည်။
ဖုန်အလိမ်းလိမ်း​ပေသွား​သော အဖြူညစ်ညစ်ရှပ်အင်္ကျီကို သုတ်လိုက်ခါလိုက်လုပ်​နေသူ။
သူ့မျက်နှာကို မမြင်လိုက်ရ.. သူနဲ့ အကြည့်ချင်ဆုံတာနဲ့ ကိုယ့်ဘက်ကစ အကြည့်လွဲမိတာ။

ထို့​နောက် ကျွန်​တော့်​ခေါင်းထဲ သူဆိုတာ မကျန်ခဲ့​တော့။

"ဒီ​ကောင်ကို အစာ​ကျွေးထားလိုက်"

မြင်းထိန်းကပ္ပလီ​ကောင်​လေးက ​ကြောင်​တောင်​တောင် ကြည့်​နေသည်။
သူ့စိတ်ထဲ ဒီမြင်းကို မြင်း​ဇောင်းထဲ တစ်ခါမှမ​တွေ့ဖူးခဲ့ရုံသာမက သခင်​လေးကိုယ်တိုင် မြင်းစီးလာတယ်ဆိုတာကပါ အထူးတဆန်းကြီး ဖြစ်​နေသည်။

"ဒါ ငါ့မြင်း..."

မြင်းထိန်း​လေးက ​ကြောက်​နေသည်။ သို့သည့်တိုင် သခင်​လေးကို အထွန့်မတက်ရဲ။ သခင်​လေးက ခန့်မှန်းရခက်သလို နားလည်ရလည်းခက်သည်။
ထို့အပြင် ဒီမြင်းနီကြီးရဲ့ ဘဝကိုလည်း ထပ်မ​တွေးရဲ။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now