Part 14

2.6K 413 75
                                    

Unicode~

​မေလရဲ့ ​နွေး​နွေး​ထွေး​ထွေး မနက်ခင်း​လေးမှာ Jeon JungKook တစ်​ယောက် သိပ်အလုပ်ရှုပ်​နေသည်။

မျက်နှာချင်းဆိုင်အခန်းက ချာတိတ်မှာ မနိုးလာ​သေး။ ချာတိတ်မနိုးခင် သူအိမ်က​နေ ထွက်ရမည်။
သွားစရာ၊ စုံစမ်းစရာ တသီတသန်းကြီး၊ မရရတဲ့ အချိန်​လေးမှာ ခိုး​​ကြောင်ခိုးဝှက်သွားရမှာမို့ လွဲ​​ချော်လို့မဖြစ်။

"Mr. Jeon ဒီ​နေ့ ​စောလှချည်လား"

"အလုပ်​လေး​တွေ များ​နေလို့။ ချာတိတ်နိုးလာလည်း အဲ့လိုပဲ​ပြောလိုက်ပါ​နော်"

​ပြောင်းဆန်​ပေါင်မုန့်ကို သကြားမပါတဲ့ ​ကော်ဖီနဲ့ မြိုချလိုက်ပြီး စား​တော်ပဲစွပ်ပြုတ်ကို တစ်ကျိုက်တည်း ​မော့​သောက်လိုက်သည်။
သူ့မှာ အရသာခံဖို့ အချိန်​တွေပိုမ​နေ။

အိမ်​ရှေ့ ခြံတိုင်မှာအဆင်သင့်တွဲချည်ထား​သော မြင်းညိုကြီး​ပေါ် တက်ပြီး မြင်းရဲ့ ဝမ်းဗိုက်ကို အသာ​လေး ကန်လိုက်​တော့ မြင်းက ​ပြေးရှာသည်။

မြို့ထဲက ​​ပျော်ပွဲစားရုံကို မြင်းညိုကြီးက ဒုန်းစိုင်းနှင်​နေသည်။
စားနပ်ရိက္ခါရှားပါး​နေတာမို့ လူ​တွေက ဇွဲ​ကောင်းကြသည်။ မနက်​စော​စောမှာတင် သွားလာလှုပ်ရှား​သူ​တွေက အပြည့်။
ကုန်တိုက်မှာပင် ဝယ်ယူကြသူ​တွေက တန်းစီလျက်။

၁၅မိနစ်​လောက်ကြာ​တော့ နာမည်ကြီးသည်ဆို​သော ​ပျော်ပွဲစားရုံကို ​ရောက်​နေသည်။
Kofiဆို​သော ကပ္ပလီကြီးက ဒီမှာ​အလုပ်လုပ်​နေတာဖြစ်ရမည်။
ဒီမှာကျွန်ဖြစ်​နေဖို့ဆို တစ်​ယောက်​ယောက်က ​ရောင်းသွားလို့ပင်ဖြစ်ရမည်...ကျွန်​ရောင်းကျွန်၀ယ်လုပ်တယ်ဆိုတာ ​တောင်ပိုင်းလူကုံထံ​တွေအတွက် မထူးဆန်းတဲ့ကိစ္စ။

"ဘာမှာမလဲ Mr. မနက်​စော​စောဆို​​တော့ ဟင်းအမယ်​တော့ မစုံ​သေးဘူးခင်ဗျ"

လာဧည့်ခံ​နေတဲ့ စားပွဲထိုး​လေးက ကပ္ပလီကျွန်​ပေါက်စ​လေး။
ဆိုင်မှာရတဲ့ အစားအစာ​တွေကို ကြက်တူ​​ရွေးစာအန်သလို တတွတ်တွတ်ရွတ်ပြ​နေသည်။

Jeon JungKookသည် နားထဲကြားမိတဲ့ အစားအစာ​၂မျိုး ၃မျိုး​လောက်ကိုသာ မှာလိုက်သည်။
ဆိုင်အခင်းအကျင်းက သပ်သပ်ရပ်ရပ်၊ အစားအ​သောက်ကို အဓိကထား​ရောင်းပြီး ညဘက်ဆို စင်တင်​တေးဂီတ​တွေရှိဖူး​ပေမယ့် ပြည်တွင်းစစ်​​ကြောင့် မရှိတာကြာပြီဟု ဆိုသည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now