Part 27

2.4K 386 100
                                    

Unicode~

(Ost - "The Other Side of the Door" by Taylor Swift)

နှင်းဆီမြိုင်ကို ​ရောက်တာ လအနည်းငယ်ကြာပြီး ​မြေဆီလွှာ ပြဿနာက ပိုသိသာလာသည်။

Taehyung ​နေ့တိုင်း ဝါခင်းထဲဆင်းပြီး အလုပ်လုပ်​ပေမယ့် ဘာမှမထူးခြားလာသည့်အပြင် ပိုပိုပြီးပါ အ​ခြေအ​နေဆိုးလာသည်။

​ခေါင်းကိုက်လှပြီ။ ဒီလိုသာ အထွက်နှုန်းဆက်တိုက်ကျ​နေရင် အခွန်​​ဆောင်ဖို့ရာ​တောင် ​​ငွေပို​ငွေလျှံထွက်လာမှာမဟုတ်။

​နွေရာသီချိန်မှာ ​ဝါဆွတ်နည်းခဲ့တာမို့ မိုးတပြတ်​လေပြတ်ကျချိန်မှာ ​လှောင်ထားသမျှဝါ​တွေကို ထုတ်​ရောင်း​ပေမယ့် ​ဈေး​ကောင်းမရ။

ဝါဂွမ်းအဓိက၀ယ်ယူ​သော အင်္ဂလန်နဲ့ ပြင်သစ်သို့ ဆက်သွယ်​ရေးလမ်းများ ပိတ်ဆို့ထားမှု​ကြောင့် ​ဂျော်ဂျီယာပြည်နယ်မှာ ရှိသမျှဝါ​တွေစု​​နေပြီး ၀ယ်မယ့်လူမရှိ။
​မှောင်ခိုစီးပွား​ရေးသမားတချို့က ၀ယ်ယူကြ​ပေမယ့် ​ဈေးကို အဆမတန်နှိမ်သည်။

ဝါဧက​ထောင်ချီ၏ တာဝန်က မိမိပုခုံး​ပေါ်ကျလာတဲ့အခါ ထိုဝန်ထုပ်ကြီးကို မနိုင်မနင်းနဲ့ ထမ်း​နေရသည်။

စာမလာ သတင်းမကြားဘဲ ရှိ​လေသူကို ​ရော်ရမ်းတမ်းတမိသည်။
ခင်ဗျားသာဆို ခုလိုပြဿနာ​တွေကို ဘယ်လို​ဖြေရှင်းမလဲ Jeon..

ည​​နေခင်း ဝါခင်း​တွေ အကြမ်းဖျင်းလိုက်ကြည့်ပြီး အိမ်​တော်သို့ ပြန်လာသည်။
မျက်နှာချင်း မဆိုင်ချင်ဘဲ ဆိုင်​နေရတဲ့ ဦး​လေးတို့ ဇနီး​မောင်နှံက ထမင်းစားစားပွဲမှာ အသင့်ထိုင်​နေကြသည်။

"ဘယ်လိုလဲ ဝါခင်း​တွေ ဦးစီးရတာ ခက်တယ်မလား။ ဦး​လေး ကြားသ​လောက်​တော့ ဝါပင်​တွေ ပြဿနာတက်​နေတယ်ဆို။ ငါ့တူ ဒါ​လေး​တောင် မထိန်းနိုင်ရင်..."

"​တော်​တော့! ကျွန်​တော် စကားမများချင်ဘူး! လက်ပူးလက်ကြပ်မမိသ​ရွေ့​တော့ .. ဟက်"

အဲ့​နေ့က Taehyung ညစာ ဆင်းမစားဖြစ်​။
စာဖတ်ခန်းထဲက နှင်းဆီမြိုင်ရဲ့ အစဥ်အဆက် ဝါအထွက်နှုန်းအ​ကြောင်း​တွေ ရှာဖတ်ကြည့်သည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now