Part 15

2.5K 416 55
                                    

Unicode~

"Joanna.. ကိုယ်သိချင်တာ ရှိတယ်"

"​ပြော​လေ.. မင်းကြည့်ရတာ တုန်လှုပ်နေပုံပဲ"

"ကိုယ်နည်းနည်း ပင်ပန်း​နေလို့ပါ။ ကိုယ်သိချင်တာက မင်းအစ်ကို Kim Taehyung​လေ"

"ဪ... သူ့အ​ကြောင်းလား"

Joannaက မနှစ်မြို့သည့်ဟန် လုပ်ပြသည်။
Suzan ဒါကို ​ကျေနပ်သည်၊ အနည်းဆုံး Joanna ဆီက သတင်းနှိုက်လို့ရလိမ့်မည်။
သူနဲ့ပူ​ပေါင်းလိမ့်မည်။

"မင်းရိပ်မိမှာပါ၊ ကိုယ် မင်းအစ်ကိုကို ကြည်ဖြူမ​နေဘူးဆိုတာကို။ မင်းလည်း အတူတူပဲမလား"

"ဟင်.."

"ကိုယ်သိပါတယ်။ မင်းအစ်ကိုအ​ကြောင်း၊ အို... ရှင်းရှင်း​ပြောရရင် သူ့ရဲ့မ​ကောင်းသတင်း အားနည်းချက်မှန်သမျှ ကိုယ်သိချင်တယ်ကွာ"

Joanna သည် Taehyungအ​ကြောင်း ​ပြောပြချင်တာ ပါးစပ်ကိုယား​နေပြီ။
ပါးစပ်ဖွာသည့်မိန်းမသ​ဘာဝအရ​ရော၊ Taehyung၏ မ​ကောင်းသတင်းကို ဖြန့်​ဝေလို​သော ဆန္ဒ​ကြောင့်​ရော သူတအားကို ​ပြောပြချင်​နေပြီ။

"မရှိပါဘူးကွယ်၊ ကိုယ်တို့က ငယ်တည်းက မတည့်ကြတာပါ"

"ကိုယ်သိပါတယ်။ ကိုယ်အကဲခတ်မညံ့ပါဘူး။ မင်းသိချင်တာ တစ်ခုခု ကိုယ့်မှာရှိတယ်။ မင်းကိုယ့်ကို ဒါ​လေး​ပြောလိုက်လို့ အရှုံးမရှိပါဘူး"

Joannaမျက်လုံး​တွေ ဝိုင်းစက်သွားရသည်။
Suzanက သူမသိ​​သေးတာတစ်ခုခုသိထားသည်။ သူအဲ့တာကို သိချင်သည့်တိုင် ကိုကို​လေးကို ​ကြောက်သည်။
မုန်းတာနဲ့ အညီအမျှ​ကြောက်ရသူဆို အဲ့တာ ကိုကို​လေးပင်။

"မင်းစဥ်းစားပါ။ ဒီည​တော့ နားကြ​လေစို့"

မီးအိမ်ကို မီးငြိမ်းပြီး အိပ်ရာ​ပေါ်လဲ​လျောင်းရသည့်တိုင် သူ့သိချင်စိတ်က သူ့ကို အိပ်မရဖြစ်​စေသည်။

ထိုညက သူနှစ်နှစ်ခြိုက်ခြိုက်အိပ်စက်မရခဲ့။
____

"နိုးပြီလား ချာတိတ်"

"အင်း...အိပ်ချင်​သေးတယ်။ ဒါ​ပေမယ့် အိပ်မရ​တော့ဘူး"

"ဘာလို့လဲ"

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now