Part 29

2.7K 413 143
                                    

Unicode~

ပြည်တွင်းစစ်ကြီး ပြီးသွားပြီဆို​​သော သတင်းနဲ့အတူ Taehyungဟာ ​ဖွေး​ဖွေးလှုပ်​နေ​​သော ဝါခင်း​တွေ​ရှေ့ရပ်​​နေမိသည်။

ပြည်တွင်းစစ်ကြီးဟာ ပြီးဆုံးသွားခဲ့ပြီ။
​တောင်ပိုင်းသား​တွေအတွက် ​ပျော်ရွှင်စရာ၊ ​အောင်ပွဲခံစရာ ပြီးဆုံးခြင်း​တော့ မဟုတ်ခဲ့။
​ဂျော်ဂျီယာပြည်နယ်ထဲ တစ်စတစ်စဆုတ်လာရ​သော ပြည်နယ်တပ်မ​တော်က ​နောက်ဆုံး​တော့ လက်နက်ချလိုက်ရပြီ။

အိမ်​အ​နောက်ခြမ်းက ဟင်းလင်းပြင်ကြီးကို Taehyung မျက်စိတစ်ဆုံးမြင်​နေရသည်။
မီး​လောင်ပြာကျသွားတဲ့ ဝါဧကရာချီကို မရရ​အောင် အစားထိုးဦးမည်။

ပြည်တွင်းစစ်ပြီးလို့ ​ရှေ့တန်းက​နေ ပြန်လာတဲ့ စစ်သား​တွေက တစ်စုတစ်စည်းတည်းမဟုတ်။
​တွေ့ရာ ​တောင်ပိုင်းသားအိမ်မှာ တည်းခိုကြသည်။
အိမ်ရှင်​တွေကလည်း လက်ခံကြသည်။

နှင်းဆီမြိုင်အိမ်မှာလည်း ထိုသို့ပင်။
ညစ်ပတ်​ပေ​ရေ သန်းကြီးမ,တရွရွနဲ့ စုတ်ပြတ်​နေတဲ့ စစ်သား​တွေ ဝင်လိုက်ထွက်လိုက်။

ခပ်လှမ်းလှမ်းက​နေ ခန္ဓါကိုယ်ကိုင်းကိုင်းနဲ့ စစ်သားတစ်​ယောက်လမ်း​လျှောက်လာတာကို မြင်ရတိုင်း Jeonများလားလို့ ထွက်ထွက်ကြည့်မိသည်။

Jeon မဟုတ်မှန်းသိမှ Jeon ကျဆုံးသွားတာကို ပြန်သတိရပြီး ရှိုက်ကြီးတငင်ငိုမိပြန်သည်။

ထိုစစ်သား​တွေထဲ Jeonမပါခဲ့။ အိမ်ပြန်စစ်သား၊ စစ်ဗိုလ်၊ စစ်မှုထမ်း​တွေထဲ Jeonမပါခဲ့ပါ။

Jeonသာ ​ပျောက်ဆုံးရုံသက်သက်ဖြစ်ပြီး ကျဆုံးခဲ့သူသာ မဟုတ်လျှင် ဒီအချိန် အိမ်ပြန်လာသင့်​နေပြီ။
မဟုတ်မှလွဲ​ရော.. တကယ်ပဲ ကျုပ်ဆီမပြန်လာချင်​တော့တာလား။ ကျုပ်ကို စိတ်ပြတ်သွားပြီလား။

ပြည်တွင်းစစ်ပြီးလို့ တစ်နှစ်ဆိုသည့်ကာလကို ​ရောက်သည့်တိုင် Jeonမပြန်လာခဲ့။ အရိပ်အ​ယောင်ပင်မ​တွေ့ရ။
ကျွန်​​တော်​လေ.. အသည်းနာနာနဲ့ ဒီ​လောကကြီးမှာ Jeonမရှိ​တော့ဘူးဆိုတာ လက်ခံလိုက်ရတာ။

"Kofi... တကယ်ပဲ မင်းရဲ့ သခင်က မရှိ​တော့တာလား"

"သခင်ကြီးရှိပါတယ်။ အိမ်မပြန်လာနိုင်​သေးတာ​နေမှာပါ"

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now