Part 9

2.6K 448 201
                                    

Unicode~

(OST - "That should be me" by Justin Bieber)

၁၈၆၁ ခုနှစ် ​ဆောင်းကာလသို့​ရောက်လာသည်။

အတ္တလန်တာမြို့ကြီးက အရင်လို လှုပ်ရှားသက်ဝင်ဆဲ။
ယန်ကီပိတ်ဆို့မှု​တွေ များလာပြီး အဝတ်အထည် စားစရာ​တွေ ရှားပါး​စျေးကြီးလာသည့်တိုင် ​တောင်ပိုင်းသားတို့ မာန်ကိုမချ​သေး။
ယန်ကီတပ်ကြီး ​ခြေတစ်လှမ်း​လောက်ဆုတ်ရတိုင်း ပြည်နယ်ဗိုလ်ချုပ်ကို ဘုရားသခင်လို အားကိုးကြသည်။

စစ်ပွဲအ​ခြေက သူမသာ ကိုယ်မသာရယ်၊ ယခင်ကလို ​ယန်ကီ​​တွေကို ​လပိုင်းနဲ့ အပြတ်တိုက်မယ်ဆိုပြီးလည်း အသံ​ကောင်းမဟစ်နိုင်​တော့။
ယန်ကီ​တွေကို ​လျှော့မတွက်ရဲ​တော့..ယန်ကီဗိုလ်ချုပ်က ထင်သ​​လောက်မလွယ်။

ဤသို့ဖြင့် ​ဆောင်း​လေ​အေး​အေးကာလမှာ နာတာလူးပွဲ​တော်ရာသီသို့ ​ရောက်လာသည်။
ဒီဇင်ဘာလ​က အသည်းခိုက်မတတ်ချမ်းသည်။
နယူး​ယော့ခ်က သိုး​မွေးထည်​တွေက ၀ယ်ရခက်သည်၊ အင်္ဂလန်က အထည်​တွေကလည်း ​တော်​တော်နဲ့မ​ရောက် ​ရောက်ရင်လည်း ၀ယ်ဖို့မတတ်နိုင်​လောက်​အောင် ​စျေးကြီးသည်။

ဝါရှင်တန်လမ်းက အိမ်ကြီးရဲ့ စားဝတ်​နေ​ရေး ဟူသမျှတို့သည် Jeon​ခေါင်း​ပေါ်သို့ ကျလာသည်။
ဒီလို​ခေတ်ပျက်ကြီးထဲမှာ အိမ်ကလူ​တွေ ​လောက်​လောက်ငှငှစားနိုင်​သောက်နိုင်ဖို့၊ အမျိုးသမီး​တွေ တင့်တင့်တယ်တယ်ဝတ်နိုင်ဖို့ သူ့မှာတာဝန်ရှိသည်။

"Jeon...နာတာလူးပွဲ​တော်အတွက် Suzanတို့ မှာထားတာ​တွေ ပါခဲ့ရဲ့လား"

"ကိုယ် မြင်းရထား​ပေါ်တင်ခဲ့တယ်...ဪ ​ပြောတုန်းဆိုတုန်း ဦး​လေးကြီး သယ်လာပြီ"

တံခါးကို မှီရပ်ရင်း မြင်​နေရတဲ့ မြင်ကွင်းက နည်းနည်းမှ စိတ်ကြည်သာစရာမရှိ။
နာတာလူးပွဲ​တော်အတွက် လူတိုင်းအလုပ်ရှုပ်​နေသည်။ ထိုအထဲမှာမှ Suzanက ​ယောက်ယက်အခတ်ဆုံး။

နာတာလူးပွဲ​တော်အတွက် ​ရှေ့တန်းထွက်​နေသူ​တွေ ခွင့်ရက်အနည်းငယ်ရသည်။
အိမ်တိုင်းမှာ ​ယောကျ်ားသား​တွေဆူဆူညံညံ။
တချို့ စစ်ဗိုလ်ငယ်​​လေး​တွေက ကိုယ့်အဆက်ကို ပြန်​တွေ့ရပြီး ပိုးပန်းကြသည်။
ကံ​ကောင်းလျှင် ခွင့်ရက်အတွင်း လက်ထပ်နိုင်ကြသည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now