Part 28

2.5K 389 82
                                    

Unicode~

(Ost - "Until I found you" by Stephen Sanchez)

အညို​ရောင်စာအုပ်​လေးက တွန့်​ကြေ​နေ​ပေမယ့် သပ်သပ်ရပ်ရပ်။
စစ်တွင်းကာလမှာ ​သေ​သေချာ​ချာ တယုတယသိမ်းထားပုံ​အထင်အရှား။

ပထမဆုံး စာရွက်နှစ်ရွက်က မရှိ။ တစ်​ယောက်​ယောက် ဖြဲယူထားဟန်တူသည်။
အင်း...Jeon ကိုယ်တိုင် ဖြဲယူထားခဲ့တာ ဖြစ်လိမ့်မည်။

ဒီဒိုင်ယာရီ​လေး ဖတ်ဖို့အ​ရေး သူ့စိတ်​တွေက ခုန်​ပေါက်​နေသည်။
သူဟာ Jeon အ​ကြောင်းကို ပြည့်ပြည့်စုံစုံမသိခဲ့သူ၊ အခုသိခွင့်ရတဲ့အချိန်က သိပ်ကို​နှောင်း​နေပြီဆိုရင်​တောင်...

"​​ဂျော်ဂျီယာက နှင်းဆီသို့..."

ဟူ၍ အစချီထား​သော စာရွက်နှစ်ရွက် စုတ်ပြဲ​နေတဲ့ ဒိုင်ယာရီ..။
____

လွန်ခဲ့​သော တစ်နှစ်​ကျော်က...

ကြုံရာရထားတစ်စီး​ပေါ် တက်စီးလာ​သော Jeon.
သယ်ယူလာ​သော သား​ရေ​သေတ္တာကြီးနဲ့ လက်ဆွဲအိတ်​လေးတစ်လုံးကလွဲရင် ကျန်တဲ့ပိုင်ဆိုင်မှုရယ်လို့မရှိ။

လက်ထဲမှာ​တော့ ပြည်​ထောင်စု​ဒေါ်လာအနည်းငယ်ရှိ​သေးသည်။

တိတ်ဆိတ်ငြိမ်သက်စွာဖြင့် ရထား​ပေါ်ထိုင်လျက် ပါလာသည်။
ရထားစီး​နေကြသူ​တွေထဲ သူ့အသိမိတ်​ဆွေရယ်လို့မပါ။
အင်း... ရထားက ဘယ်ကို သွား​နေတာပါလိမ့်။
​ခြေဦးတည့်ရာ ​သွား​နေရတာမှန်း သိသာချက်က​တော့။

"ဒါနဲ့ ဒီရထားက ဘယ်ကို သွား​နေတာလဲ"

​ဘေးနားထိုင်​နေတဲ့လူကို ​မေးသည်။
ထိုလူက ​ဆေးပြင်းလိပ်ကို ပါး​​စောင်မှာ ခဲထားပြီး တစ်ချက်တစ်ချက် ဖွာ​နေသည်။
သူ​မေး​တော့ လှည့်ကြည့်လာသည်။

​နေ​လောင်ထားတဲ့ အသားညိုညစ်ညစ်နဲ့ ခပ်ကြမ်းကြမ်းလူ..

"ဂတ်တီစဘတ်ကို သွား​နေတာ​လေ။ ဟိုမှာ တပ်သားအသစ်​တွေအ​ရေး​ပေါ်​နေပြီ။ မင်းလည်း တပ်ထဲလိုက်မလို့မလား"

"ဗျာ..."

သူခဏ​တော့ ​တွေ​ဝေသွားရသည်။
သူ့အ​ခြေအ​နေသူ ပြန်စဥ်းစား​တော့ သူဟာ ​ဂျော်ဂျီယာက​နေ ပြည်နှင်ဒဏ်​ပေးခံရတဲ့ လူတစ်​ယောက်သာသာ။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now