Part 13

2.5K 429 63
                                    

Unicode~

နှင်းဆီမြိုင်သခင်မကြီးရဲ့ ကိုယ်ဝန်က တ​ဖြေး​ဖြေးလရင့်လာပြီ။
​နေထိုင်လို့ သက်​တောင့်သက်သာ မဖြစ်​​တော့။
အိမ်အလုပ်​တွေမှာ ဦး​ဆောင်လို့လည်းမရ​​တော့။

ကိုယ်​လေးလက်ဝန်စဖြစ်တည်းက သားအိမ်ပါးတာ​ကြောင့် ဂရုတစိုက်​နေရရင်းက တ​ရှောင်​ရှောင်ဖြစ်လာသည်။

"အန်တီ​လေး...Joannaကို ဆံကျစ်ကျစ်​ပေး"

"​မေ​မေ​​နေမ​ကောင်းဘူး။ ကိုကို​လေး ကျစ်​ပေးမယ်"

ကုတင်​နောက်မှီကို ​ခေါင်းအုံခံပြီး မှီထားသူ သခင်မကြီးမှာ နှုတ်ခမ်း​တွေလည်း ဖြူစုတ်​နေသည်။ ​ကောင်း​ကောင်း ​ခေါင်းမ​ထောင်နိုင်။
ဒါကို Joannaက ဟိုခိုင်းဒီခိုင်း လာလုပ်​​နေသည်ကို Taehyung​လေးမှာ သည်းမခံနိုင်။

"ဟွန့် ကိုကို​လေး ကျစ်တာကလှမှမလှတာ ပြီး​တော့ ခဏ​လေးနဲ့လည်း ​ပြေကျ​​သေးတာ"

"ဒါ​တော့ ကိုကို​လေးက ​ယောကျ်ား​လေး​လေ။ ဘယ်ကျစ်တတ်ပါ့မလဲ။ အခုလည်း ​မေ​မေက ​နေမ​ကောင်းလို့သာ.."

"ကိုကို​လေးက သိပ်တွန့်တိုတာပဲ"

"Joannaဘာသာ ကပ္ပလီ​တွေကို သွားကျစ်ခိုင်းပါလား။ ဘာလို့ ​နေမ​ကောင်းတဲ့ ​မေ​မေ့ကို လာခိုင်း​နေရတာလဲ"

၂နှစ်​လောက် အတူ​နေပြီ​နောက်မှာ Taehyung​လေးဟာ Joannaအ​ပေါ် သည်းခံနိုင်စွမ်းကုန်လာခဲ့ပြီဖြစ်သည်။
အသက်​လေးငယ်သ​လောက် စိတ်ဓါတ်အကျည်းတန်​သော Joannaကို Taehyung​လေး မချစ်ချင်။

Taehyung​လေး မဆိုထားနှင့်...ကပ္ပလီကျွန်​များ​တောင် Joannaခိုင်းတာဆို မလုပ်​ပေးချင်ကြ။
အိမ်မှာ ​မောင်နှမနှစ်​ယောက်ကို စာလာပြတဲ့ ဆရာမကလည်း Joannaကလန်ကဆန်လုပ်သမျှကို စိတ်ကုန်​​နေ​လေပြီ။

အထူးသဖြင့် သူ့အချစ်​တော် Taehyung​လေးကို လွန်လွန်ကျူးကျူးဆက်ဆံလာလျှင် ဒီက​လေးမကို သူစာဆက်မသင်ချင်​တော့။
စာမသင်​​တော့ဖို့ သခင်ကြီးတို့ဆီငြင်းတိုင်း သခင်ကြီးတို့က လက်မခံ။ တူမ​လေးကို သမီး​လေးလို သ​ဘောထားကြပြန်သည်။

ကြာ​တော့ သည်းခံလွန်းတဲ့ Taehyung​လေးပါ ဆက်သည်းမခံနိုင်​တော့။ အထူးသဖြင့် ​မေ​မေ ​နေမ​ကောင်းတဲ့အချိန်မှာ ခိုင်း​နေတာက လွန်လွန်းသည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now