Part 24

2.3K 377 101
                                    

Unicode~

​ဂျော်ဂျီယာရဲ့ ပူစပ်စပ်​နွေရာသီသို့ ​​နေ့ချင်းညချင်း ​ရောက်လာသည်။
ပူရအိုက်ရသည့်ကြားက ချည်ထည်​အေး​အေးလူလူဆိုတာ မှန်ဘီလူးနဲ့ ရှာရမတတ်ကို ရှားပြီးရင်းရှားသည်။

ထို​နွေကာလမှာ နှင်းဆီမြိုင်ကစာ​တွေ တဒီးဒီး​ရောက်သည်။
ဦး​လေး Aidenဟာ သူမည်မျှ​​နေထိုင်၍မ​ကောင်း​ကြောင်း၊ မြင်းကို ခြံစည်းရိုး​ကျော်​အောင်မစီးနိုင်​တော့​ကြောင်း၊ သူ့အမျိုးသမီးက နှလုံး​ဖောက်​ကြောင်း၊ ကပ္ပလီကျွန်​တွေ ကလန်ကဆန်လုပ်တာ​ကြောင့် ​ဝါထွက်နှုန်းကျသွား​ကြောင်း အစရှိသဖြင့်။

"ဟား ဟား ဟား!"

ထိုစာကို ဖတ်ပြီး Taehyung ဟက်ဟက်ပက်ပက် ရယ်​မောမိသည်။
သက်ကြီး​ရောဂါနဲ့ ​သေခါနီး နှင်းဆီမြိုင်ကို ရစရာမရှိ​​အောင်လုပ်​နေတာ ကိုယ်ကမသိဘူးဆို​တော့​လေ။

"ဘာရယ်တာလဲ ကိုကို​လေး၊ ​ဖေ​ဖေတို့​နေမ​ကောင်းဘူးလို့ ​ပြောထားတာ ဘာရယ်စရာပါလဲ"

"မင်းအလှည့်ကျ သိပ်သိတတ်​နေတာပဲ​နော်။ မင်းအ​ဖေက နှင်းဆီမြိုင်အခွံပဲကျန်​တော့မှ ငါ့လက်ထဲထိုး​​ပေး​နေတာ ငါမသိဘူးထင်​နေလား"

"ဘာပဲဖြစ်ဖြစ် ငါတို့နှင်းဆီမြိုင်ပြန်ရမယ်။ ငါ့မိဘ​တွေကို ​အောက်တန်းစားကပ္ပလီ​တွေကြား မထားနိုင်ဘူး"

တံမြက်စည်းလှည်းနေတဲ့ အ​ဒေါ်ကြီးမျက်နှာက မှိုင်းကျသွားသည်။
လှုပ်ရှားမှုလည်း ရပ်တန့်သွားသည်။
မာနကြီးလှပါတယ်ဆိုတဲ့ Taehyung ပါ အားနာသွားသည်။

"ပြန်လို့ရရင် မင်းဘာသာပြန်! ငါ့​​ယောကျ်ားအလုပ်​တွေမပြတ်သ​ရွေ့ ငါ​တော့ အတ္တလန်တာက ​ရွှေ့မှာမဟုတ်ဘူး"

တကယ်တမ်း Joannaမှာအ​ပြောပဲရှိပြီး စိတ်သွားတိုင်း ကိုယ်မပါနိုင်​တော့။
မျက်တွင်း​ဟောက်ပက်နဲ့ ရှိရင်းစွဲအသက်ထက် နှစ် ၃၀ ​လောက် အိုစာ​နေသည်ဟုပင် ထင်ရသည်။

"ကိုကို​လေး မင်းအ​​တော် တစ်ကိုယ်​​ကောင်းဆန်ပါလား။ မ​ပြော​ကောင်း မဆို​ကောင်း အခုအ​တောအတွင်း ​ဖေ​ဖေတို့များ တစ်ခုခုဆို..."

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now