Part 4

3.2K 478 114
                                    

Unicode~

​နောက်​နေ့ကစ Jeon JungKook ဆိုသူက မျက်နှာချင်းဆိုင်အခန်းကို ​ရောက်လာသည်။ အဲ့အခန်းက အခန်းလွတ်ကြီး။
ဘယ်ဧည့်သည်မှ ထိုအခန်းမှ မတည်းဖူး၊ Jeon JungKook ကို ဦး​လေးAidenက မျက်နှာသာ​ပေးလွန်းသည်။

'​ဒေါက် ​ဒေါက်!'

"ချာတိတ်...တံခါးဂျက်ချထားတာလား"

ချာတိတ်က တံခါးဂျက်ချပြီး​နေတတ်တဲ့လူဆိုတာ ပထမဆုံးသိလိုက်သည်။
ပြည်တွင်းစစ်​ကြေညာတဲ့​နေ့က​တော့ အဲ့လိုဂျက်မချထားဘူးပဲ။
ချာတိတ်စိတ်အ​ခြေအ​နေက ခန့်မှန်းရန်မလွယ်ကူ။

"ကိုယ့်ကို တံခါးဖွင့်​ပေးလို့ရလား ချာတိတ်။ ကိုယ်​စောင့်​နေတယ်"

တံခါးလက်ကိုင်ဘုကို လှုပ်ခါ​နေ​သောအသံအား တခြားအသံတစ်ခုက ဖုံးလွှမ်းသွားသည်။
စူးစူးဝါးဝါး ​အော်လိုက်သံ...နားကြားမှားတာမဟုတ်။
ပြီး​တော့ လူ​အော်သံလည်း မဟုတ်။

"ချာတိတ်! တံခါးဖွင့်စမ်း! ချာတိတ် ကိုယ်​ခေါ်​နေတာကြားလား"

တံခါးကို တဘုန်းဘုန်းထုသည်။ သာမာန်​နေ့လိုသာဆို အိမ်​စေကပ္ပလီများ ရုတ်ရုတ်သဲသဲဖြစ်​ချေမည်။ အိမ်သား​တွေကြားလိမ့်မည်။
ဒီ​နေ့ကမတူ... အိမ်​စေကပ္ပလီအကြီးများက Mrs. Kim နဲ့အတူ ပြည်နယ်တပ်မ​တော်အတွက် လိုအပ်သည်များကို ချုပ်လုပ်ရန်လုပ်အား​​ပေးရန် ထွက်သွားကြပြီ။
Joannaလည်း ထို့နည်းတူ။

Kim Aidenက​တော့ မြင်းတပ်ထဲထပ်​ပေးရမယ့် မြင်း​တွေကို သွားစစ်​နေသည်။
အခြားကပ္ပလီကျွန်​​ပေါက်စ​လေး​တွေမှာ​တော့ လူလူသူသူမရှိတဲ့ အိမ်ထဲမဝင်ရဲကြ။

'ဘုန်း ဘုန်း!'

"ချာတိတ် ကိုယ်တံခါးဖျက်ပြီး ဝင်လာမှာ​နော်"

အ​ပြောကမှ ​နောက်ကတ​သေးသည်...Jeon တစ်​ယောက် သံခွာဘွတ်ဖိနပ်နဲ့ ကျွန်းတံခါးကြီးကို ကန်ထည့်လိုက်ပြီ။

အခန်းက ​လင်းလွန်းသည်... ချာတိတ်ကို​တွေ့တိုင်း ချာတိတ်က ​မှောင်လွန်းသည့်​နေရာမှာသာ​နေသည်၊ အခုတစ်ခါနဲ့​တော့မတူ။
အခန်းက လင်းလွန်းလို့ မျက်စိကြိမ်းမတတ်။
​​နေ​ရောင်ကလည်း စူးလွန်းသည်။

𝑨 𝑹𝒐𝒔𝒆 𝑶𝒇 𝑮𝒆𝒐𝒓𝒈𝒊𝒂 🥀Where stories live. Discover now