2

1.5K 82 0
                                    

Unicode

မှောင်မိုက်သည့် တော်အုပ်ကြီးအလယ် သေးကွေးပိန်လျသည့် ပုံရိပ်လေးတစ်ခုဟာ ခွေခွေလေး လဲလျောင်းနေလေ၏။ သေးငယ်သည့် မျက်နှာလေးက သွေးရောင်ပင်မရှိတော့သလို နှုတ်ခမ်းများက လူသေကောင်ကဲ့သို့ ဖြူဆွတ်နေတော့သည်။ ထို့ကြောင့်ပင် ဖြူဖျော့ဖျော့ နှုတ်ခမ်းထောင့်မှ အနီရောင်သွေးများမှာ ရဲရဲတောက် ထင်ရှားနေတော့သည်။

ထိုပုံရိပ်လေးမှာ သတိလစ်မောနေသည့် မိန်းမငယ်လေးတစ်ဦးသာဖြစ်သည်။

ရုတ်တရက် ထိုမိန်းကလေး၏ မျက်ဝန်းများက ပွင့်ဟလာခဲ့လေ၏။ အပြာနုရောင် မျက်ဝန်းများက ညအမှောင်ကို ဖောက်ထွင်း၍ ကောင်းကင်ယံမှ ကြယ်ပွင့်များအလား တလက်လက် တောက်ပနေတော့သည်။ သနားချင့်စဖွယ် ဖြူဖျော့နေသည့် မျက်နှာလေးက တမဟုတ်ချင်း တည်ကြည်သွားခဲ့ပြီး လေးနက်မှုများဖြင့် ပြည့်နှက်လာခဲ့သည်။ သို့သော်လည်း သေချာကြည့်လျှင် အနည်းငယ် အံ့အားသင့်နေသည့် အငွေ့အသက်လေးကို တွေ့မြင်နိုင်သည်။

ထိုမိန်းကလေးက မြေပြင်ပေါ်မှ အသာအယာ ထရပ်လိုက်ကာ သူမ၏အင်္ကျီပေါ်မှ မြေမှုန်များကို ခါထုတ်ပစ်လိုက်သည်။ ထို့နောက် ပတ်ဝန်းကျင်ကို အကဲခတ်ရင်း နှုတ်ခမ်းထောင့်မှသွေးကို လက်မဖြင့် ဖိသုတ်လိုက်၏။ အပြုံးဖျော့ဖျော့ ဆင်မြန်းထားသည့် မျက်နှာလေးက ညနက်သန်းခေါင် တော်အုပ်ကြီးအလယ် ရောက်ရှိနေသည့် မိန်းမငယ်လေးနှင့် မတူခြားနားစွာ ပန်းခင်းကြီးအလယ် လျှောက်လည်နေသူ တစ်ယောက်ကဲ့သို့ ပေါ့ပါးလွန်းနေခဲ့သည်။

“မင်္ဂလာပါ.. Forever More System မှကြိုဆို….. သောက်ချီး ဘယ်လိုလုပ် ဒီရောက်လာတာလဲ..?”

အမှောင်ထုကြီးကို ဖြိုခွင်းလိုက်သကဲ့သို့ တောက်ပသည့် အပြာရောင်မီးလုံးလေးက ရုတ်တရက် ပေါ်ထွက်လာခဲ့လေ၏။ ထိုမိန်းကလေးကို တွေ့လိုက်သည့်အချိန် တခနနမျှ ကြောင်အ,သွားခဲ့ပြီး မျက်မှောင်ကုတ်ကာ တစ်စုံတစ်ရာကို တွေးတောနေခဲ့သည်။ ထို့နောက် စိတ်ဆိုးမာန်ဆိုး ထအော်လေတော့သည်။

“မိုင်လေး အစုတ်အပဲ့.. ကျွန်တော့်ကို ခိုင်းစားချင်ပြန်ပြီလား..? မောင်ကဒုက္ခပေးတာ အားမရသေးလို့ အစ်မပါ ရောက်ချလာပြန်ပြီ.. အား…….!!!”

Forever More (Extra)Where stories live. Discover now