9

878 91 0
                                    

Unicode

“နာမည်..?”

“ကျန်းဟွားရီ..”

“သားရဲသခင်တံဆိပ်ပြပါ..”

မိုင်လေးက သူမရဲ့အင်္ကျီလက်ထဲမှ တံဆိပ်ပြားတစ်ခုကို ထုတ်ယူလိုက်ကာ စစ်မေးနေသူထံ ထုတ်ပြလိုက်သည်။ ထိုလူက ငွေရောင်တံဆိပ်ကို သေသေချာချာ စစ်ဆေးလိုက်ကာ..

“အလတ်အလတ်အဆင့် ကျင့်ကြံသူ.. ပြိုင်ပွဲဝင်ဖို့ အဆင့်မှီတယ်..”

ထိုစကားနှင့်အတူ တံဆိပ်ပြားတစ်ခုကို ထုတ်ပေးလာခဲ့သည်။

*ပြိုင်ပွဲဝင်နံပါတ် ၁၉၈*

မိုင်လေးက ထိုတံဆိပ်ကို လှမ်းယူလိုက်ကာ ငွေရောင်တံဆိပ်ပြားနှင့်အတူ ပြန်လည်သိမ်းဆည်းလိုက်သည်။ ထို့နောက် ထိုနေရာမှ ထွက်ခွာလာခဲ့သည်။

ပြိုင်ပွဲက မနက်ဖြန်ပဲ။

မူလကိုယ်ရဲ့ မှတ်ဉာဏ်အရဆို ပြိုင်ပွဲဝင်ဦးရေက တစ်ရာမပြည့်ပေမယ့် အခုတော့ စောစောစီးစီး စာရင်းလာပေးတာတောင် ပြိုင်ပွဲဝင်နံပါတ်က နှစ်ရာနီးပါး ကပ်နေပြီ။ အရှင်သခင်ထျန်းဟူဆိုတဲ့ တစ်ယောက်က တကယ့်ကို နာမည်ကြီးတာပဲ..!

သူမ၏ပုခုံးထက်မှ အဝါလုံးလေးက စကားတစ်ခွန်းမှ မဆိုခဲ့ပေ။ အမှန်အတိုင်းဆိုရလျှင် အဝတ်အထည်ဆိုင်မှ ထွက်လာပြီးကတည်းကဟု ဆိုနိုင်သည်။

အလွန်ငြိမ်သက်နေသည်။ စကားတစ်ခွန်းမှ မဆိုသလို ပတ်ဝန်းကျင်ကိုလည်း စိတ်ဝင်စားဟန်မရှိ။ ခေါင်းငိုက်စိုက်နေပြီး မိုင်လေးထားသည့်နေရာမှာ မလှုပ်မယှက်နေသည်။ ပုခုံးပေါ်တင်ပေးထားတော့ ပုခုံးပေါ်တွင် ကျောက်ရုပ်လေးလို ထိုင်နေလေသည်။ တုံ့ပြန်မှုမရှိ၊ အာရုံစူးစိုက်မှုမရှိ၊ သူ့ရဲ့ဟန်ပန်မှာ စိတ်ပျံ့လွင့်နေသူလို။

အချိန်တစ်ခုအထိ သည်းခံနိုင်ပါ့မလား ကောကော..!

……………

ညအမှောင်သည် ကောင်းကင်ယံကို ဖုံးလွှမ်းလျက် လောကတခွင်ကို လွှမ်းခြုံထား၏။ ထွန်းသစ်ခါစ လခြမ်းကွေးလေးသည် ထူထပ်အုံ့မှိုင်းနေသော တိမ်ပင်လယ်ကြီးအောက် ကွယ်မြုပ်နေပြီး အမှောင်ထုကို ပိုမိုနက်ရှိုင်းစေသည်။

Forever More (Extra)Where stories live. Discover now