5

862 70 0
                                    

Unicode

ဒီကြက်ပေါက်လေးက ကိုကို Ryan များလား..?

သူမဆီ တိုးဝင်လာသည့် အဝါလုံးလေးကို ပထမဆုံး မြင်လိုက်ရသည့်အချိန် မိုင်လေး၏ ပထမဆုံးအတွေး။

ကျင့်ကြံသူတစ်ယောက်ဖြစ်ဖို့ မလွယ်ကူသလို သားရဲတစ်ကောင် ဖမ်းမိဖို့ဆိုတာလည်း လွယ်ကူတာမဟုတ်။ သို့သော် သားရဲပေါက်စလေးတစ်ကောင်က သူမဆီကို ဒီအတိုင်း တိုးဝင်လာသည်လေ။

သို့သော် သာမာန်တိရစ္ဆာန်တစ်ကောင်လို အားနည်းဖျော့တော့ပြီး စွမ်းအားအရှိန်အဝါ အနည်းငယ်ပင်မရှိသော ထိုသတ္တဝါလေးကြောင့် သူမ၏အတွေးကို ပြန်ရုတ်သိမ်းလိုက်မိသည်။

အမှန်အတိုင်းပြောရရင် ထိုအကောင်ပေါက်လေးအပေါ် သူမရဲ့ခံစားချက်က နည်းနည်းထူးဆန်းနေသည်။ အထူးသဖြင့် ကျောခိုင်းထွက်သွားတဲ့ အချိန်မှာပေါ့။ မမြင်နိုင်တဲ့ တစ်စုံတစ်ရာက တားဆီးထားသလိုပဲ။

အကောင်ပေါက်လေးကို မထားရစ်ခဲ့ချင်ပါ။ ထိုကလေး ဝမ်းနည်းနေမှာကိုလည်း စိုးရိမ်နေမိသည်။

ဒါပေမဲ့ Ryan က အရင်လို ဝိဉာဉ်အစိတ်အပိုင်း မဟုတ်တော့ဘူးလေ။ အားကြီးတဲ့ လူတစ်ယောက်က ကြက်ပေါက်လေးလို ဘာမှမလုပ်နိုင်တဲ့ အကောင်ပေါက်လေး ဖြစ်နိုင်ပါ့မလား..?

မိုင်လေး၏အတွေးများမှာ ချီတုံချတုံ ဖြစ်နေခဲ့သည်။ အမှန်တော့ Ryan ၏အငွေ့အသက်ကို ထိုအဝါလုံးလေးထံမှ စိုးစဉ်းမျှပင် မခံစားရသောကြောင့်ဖြစ်သည်။ သို့သော်လည်း ခံစားချက်အရ ရင်းနှီးနေပြန်သည်။ ဝေခွဲမရသည့် ခံစားချက်ကြောင့် မိုင်လေးမှာ လမ်းပျောက်လုနီးပါး။

ထို့ကြောင့် အဆင့် ၅ သားရဲဖြစ်ကြောင်း သိလိုက်ရသည့်အချိန် သူမ၏လည်ဆွဲလေးကို အသာပွတ်သပ်ကာ မန္တန်ကို ရွတ်ဆိုလိုက်မိသည်။ သူမ၏သိချင်စိတ်ကို ထိန်းချုပ်၍မရတော့။ ရင်းနှီးကျွမ်းဝင်မှုမရှိသော အငွေ့အသက်နှင့် ထူးဆန်းသော ခံစားချက်၊ ထိုနှစ်ခုက မိုင်လေး၏ အသိစိတ်အာရုံအတွင်းဝယ် လွန်ဆွဲနေ၏။

ထားတော့..! လည်ဆွဲကိုသုံးလိုက်ရင် တိတိကျကျ သိရမှာပဲ..!

သို့သော် ဝမ်းနည်းဖွယ်ကောင်းစွာပင် လည်ဆွဲလေးက လုံးဝမတုံ့ပြန်ခဲ့ပါ။ အဝါလုံးလေးထံမှ သူမနှင့်ရင်းနှီးနေကျ စိမ်းပြာရောင် ဝိဉာဉ်အလင်းတန်းကိုလည်း မတွေ့ခဲ့ပါ။ ပကတိ တည်ငြိမ်နေခဲ့သည်။

Forever More (Extra)Where stories live. Discover now