7

821 67 1
                                    

Unicode

အဆုံးတွင်တော့ ဖုန်းစစ်ယွင်သည် မိုင်လေးပေးသော စိတ်ဝိဉာဉ်ကျောက်တုံးများကို အသုံးမပြုနိုင်ခဲ့ပေ။

မိုင်လေးနှင့်အတူ အတော်ကြာသည်အထိ ကျင့်ကြံနေခဲ့ပြီးနောက် အဝါလုံးလေးဟာ စတင်ငိုကြွေးတော့သည်။ မိုင်လေးပင် ကျင့်ကြံနေရာမှ လန့်ဖြန့်ပြီး နိုးလာသည်အထိ။

တချိန်လုံး လူပျိုပေါက်လေးလို မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ အဝါလုံးလေးက ဘယ်လိုကြောင့် ထငိုရတာလဲ..?

သူမ၏အတွေး မဆုံးခင်မှာပင် အဝါလေးဟာ အခန်းထဲမှ ပြေးထွက်သွားခဲ့သည်။ မိုင်လေးလည်း ကြောင်ကြည့်နေရာမှ အသိပြန်ဝင်လာပြီး ခုတင်ပေါ်မှာ အမြန်ဆင်းကာ အဝါလုံးလေးနောက်သို့ လိုက်ရတော့သည်။

ပုံမှန်ဆိုလျှင် အလွန်နှေးကွေးသော အဝါလုံးလေးမှာ မိုင်လေး အခန်းပြင်သို့ ရောက်သည်နှင့် အရိပ်ပင်မကျန်အောင် ပျောက်ကွယ်သွားလေ၏။

ရှင်းလင်းနေသော ပတ်ဝန်းကျင်ကိုကြည့်ရင်း မိုင်လေးခမျာ ဘယ်နားလိုက်ရှာလို့ လိုက်ရှာရမှန်း မသိတော့ချေ။ တချိန်တည်းမှာပင် မိုင်လေး၏ခံစားချက်မှာ နားလည်ရခက်စွာ ရှုပ်ထွေးလာခဲ့သည်။

နှလုံးအိမ်အတွင်း လစ်ဟာသွားသော ခံစားချက်ကား ခံရခက်လှ၏။ ‘ပျောက်ဆုံးသွားခဲ့လျှင်’ ဟူသောအတွေးက မိုင်လေးကို ဘာကြောင့်ရယ်မသိ ပျာယာခတ်သွားစေသည်။ သူမ၏လက်ဖဝါးပြင်မှာ အေးစက်သွားခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး သွေးမရှိတော့သလို ဖြူဖျော့သွားစေခဲ့သည်။

တွန့်ချိုးနေသော မျက်ခုံးတန်းများ၏ သူမ၏စိတ်မပျော်မရွှင်မှုကို သရုပ်ဖော်ပြနေသကဲ့သို့ပင်။

“အ.. အဝါလုံးလေး.. ဖုန်းစစ်ယွင်.. နင်ဘယ်ရောက်သွားတာလဲ..?”

သူမ၏အသံမှာ အနည်းငယ် တုန်ယင်နေခဲ့သည်။ သို့သော် သူမ၏မေးခွန်းကို ဖြေကြားမယ့်သူ မရှိခဲ့ပေ။

သူမ၏အခန်းပတ်လည်တွင် တတ်နိုင်သမျှ လိုက်ရှာကြည့်သည်။ စိတ်စွမ်းအင်နှင့် သားရဲစာချုပ်ကို အသုံးပြုကာ အဝါလုံးလေး၏ တည်နေရာကို ရှာဖွေကြည့်ပါသော်လည်း ထူးဆန်းစွာဖြင့် အစအနပင် ရှာမတွေ့ခဲ့။ အခန်းတစ်ခုလုံးအပြင် ဂိုဏ်းတစ်ခုလုံးကို ပတ်ရှာရတော့သည်။

Forever More (Extra)Where stories live. Discover now