8

897 97 0
                                    

“အဆင်ပြေရဲ့လား..?”

သူ့အရှေ့၌ ဆောင့်ကြောင့်ထိုင်ကာ မေးမြန်းလာသော အသံချိုချိုလေးကြောင့် ဖုန်းစစ်ယွင်၏ ရှုပ်ထွေးနေသော စိတ်အစဉ်သည် အနည်းငယ် ငြိမ်းချမ်းသွားရ၏။ ငုံ့မိုးကြည့်နေပါသော သူမလေး၏ မျက်နှာထက်မှ အပြုံးနုနုလေးသည် သူ့ရဲ့နှလုံးသားကို နွေးထွေးသွားစေသည်။

ဖုန်းစစ်ယွင်က သူမအနားသို့ တိုးကပ်သွားလိုက်ပြီး ခေါင်းကိုငုံ့ကာ..

“ဘယ်လိုရှာတွေ့တာလဲ..?”

“နင့်ရဲ့ငိုသံက ဒီလောက်ကျယ်တာ.. ဘယ်လိုလုပ် မကြားပဲနေမှာလဲ..?”

မိုင်လေးက တမင်စနောက်လိုက်သည်။

ဖုန်းစစ်ယွင်ခမျာ မျက်နှာပင် ထားစရာနေရာမရှိ ဖြစ်သွားရသည်။ အကယ်၍ လူသားအသွင်သာ ဖြစ်နေခဲ့မယ်ဆိုရင် သူ့ရဲ့မျက်နှာက မီးကျီခဲလို နီရဲနေမည်မှာအမှန်ပင်။ အဝါရောင်ကြက်ပေါက်လေး ဖြစ်နေတာ သူ့အတွက် ပထမဆုံးကံကောင်းခြင်းပဲ..!

“ဘယ်.. ဘယ်သူက ငိုလို့လဲ..?”

အထစ်ထစ်အငေါ့ငေါ့ပြောရင်း မျက်နှာလွှဲသွားသော အဝါလုံးလေးကိုကြည့်ကာ မိုင်လေး ရယ်မောလိုက်မိသည်။ နောက်ဆုံးတော့ သူ့ကိုပြန်ရှာတွေ့ပြီ..!

“ဟုတ်ပါပြီ အရင်ပြန်ကြရအောင်..! ဒီနေရာက အန္တရာယ်များတယ်..”

မိုင်လေးက ပြောရင်းဆိုရင်း အရပ်မျက်နှာတစ်ခုသို့ လှည့်ကြည့်လိုက်၏။ သူမ၏မျက်နှာထက်မှ အပြုံးနုနုလေးသည် သိမ်မွေ့နူးညံ့စွာ။ သို့သော် မျက်ဝန်းများကား ထက်ရှနေခဲ့သည်။ အဓိပ္ပါယ်ဖော်မရသော အရိပ်အယောင်တစ်ခုသည် မျက်ဝန်းအိမ်အတွင်း ဖြတ်ပြေးသွား၏။

သို့သော် မည်သူမျှ သတိမပြုမိလိုက်ချေ။ ခေါင်းကိုပြန်ငုံ့လိုက်ကာ အဝါလုံးလေးကို ပွေ့ချီလိုက်သည်။ ထို့နောက် အဝါလုံးလေး၏ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်ကာ..

“နောက်တစ်ခါ ဒီလိုမျိုးလျှောက်ပြေးရင် တုတ်နဲ့ရိုက်မှာနော်..!”

ကရုဏာဒေါသဖြင့် ပြောနေသော မာဆတ်ဆတ်အသံလေးသည် ဖုန်းစစ်ယွင်၏စိတ်ထဲဝယ် ပျားရည်အိုင်ထက်ပင် ချိုမြိန်နေပါ၏။ အစောပိုင်းက မျက်နှာချင်းမဆိုင်ဝံ့လောက်အောင် ရှက်ရွံ့နေခဲ့ပါသော်လည်း ယခုမူ ဘာကြောင့်ရယ်မသိ ကြည်နူးနေမိသည်။ ထို့ကြောင့် ကြက်ကလေး အစာကောက်သလို ခေါင်းညိတ်ပြလိုက်ပြီး..

Forever More (Extra)Where stories live. Discover now