12

803 86 9
                                    

Unicode

ဖုန်းစစ်ယွင်က မိုင်လေးကို ပွေ့ဖက်ထားပါရင်း..

“မဖြစ်မနေ ပြိုင်ပွဲဝင်မှ ဖြစ်မှာလား..?”

“အွန်း..”

မိုင်လေးက ခပ်တိုးတိုး အသံပြုလိုက်သည်။

သူမကိုဖက်ထားသော ဖုန်းစစ်ယွင်၏လက်များသည် သိသိသာသာ တင်းကျပ်သွားပြီး သူမကို သူနှင့်ဝေးရာသို့ ထွက်သွားခွင့် မပြုချင်သယောင်။

မိုင်လေးက သူ့ရဲ့ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးလိုက်သည်။ ပြီးနောက် ရင်ခွင်ထဲမှသည် တည်တင်းနေသော သူ့ရဲ့မျက်နှာကို မော့ကြည့်လျက်..

“ဒီတစ်ခါပဲ ခွင့်ပြုပေး.. အန္တရာယ်ကင်းကင်းနဲ့ ရှင့်ဆီပြန်လာခဲ့ပါ့မယ်.. ဟုတ်ပြီလား..?”

ချိုသာကြည်လင်သော အသံလေးက ယုံကြည်မှုရှိဟန်အပြည့်။ တစ်ဖက်မှာလည်း ချစ်ရသူအား ချွဲ့နွဲ့ကာ ခွင့်ပြုချက်တောင်းခံနေသလိုပင်။ နူးညံ့သည်၊ နှစ်လိုဖွယ်ကောင်းသည်၊ သို့သော် ငြင်းဆန်ခြင်းငှာ မတတ်သာအောင် ပြုစားနိုင်စွမ်းရှိနေပြန်သည်။

ထိုအပြုအမူလေးက ဖုန်းစစ်ယွင်၏ နှလုံးသားကို လှုပ်ခတ်သွားစေ၏။ ဖုန်းစစ်ယွင်ခမျာ မတတ်သာသလို မျှော်လင့်ချက်များဖြင့် တောက်ပနေသော မျက်ဝန်းအစုံကို ငုံကြည့်ကာ…

“အဲ့တာဆိုရင် ကိုယ့်ကိုယ်ကို ဖိအားမပေးရဘူးနော်.. မနိုင်ရင် ချက်ချင်း ပြန်ဆင်းလာခဲ့.. ဒဏ်ရာမရစေနဲ့..”                                 

“ခြစ်ရာသေးသေးလေးတောင် ရှိလာမှာမဟုတ်ဘူး..!”

ရွှင်မြူးတက်ကြွစွာ ပြန်ဖြေရင်း ရင်ခွင်ထဲမှ ရုန်းထွက်ကာ ပြေးထွက်သွားသော သူမလေးကြောင် ဖုန်းစစ်ယွင်လည်း သက်ပြင်းချကာ အမြန်ပြေးလိုက်ရတော့သည်။

“ဖြည်းဖြည်း.. ချော်လဲမယ်..!”

ချစ်ရသူက သာမာန်လူမဟုတ်မှန်း သိပေမယ့် ကလေးတစ်ယောက်လို သဘောထားပြီး အရာရာမှာ စိုးရိမ်ပူပန်နေတတ်တဲ့ သူ့ရဲ့နှလုံးသားကို ဘယ်သူနားလည်ပါ့မလဲ။

……….

မိုင်လေးက ဂိုဏ်းတပည့်တွေနှင့်အတူ သွားထိုင်နေရသော ဖုန်းစစ်ယွင်ကို လှမ်းကြည့်ကာ မျက်ဝန်းများကွေးသည်အထိ ပြုံးပြလိုက်သည်။ ထို့နောက် ပြိုင်ပွဲကွင်းထံ အာရုံစိုက်ထားလိုက်သည်။

Forever More (Extra)Where stories live. Discover now