23 End

1.7K 93 5
                                    

Unicode

နန်ကုန်းဟိုင် သေသွားသည်နှင့် Nolan ကို တိုက်ခိုက်နေကြသော သားရဲများလည်း ရပ်တန့်သွားကြသည်။

သူတို့၏ပုံစံက အိပ်မောကျနေရာမှ ရုတ်တရက် လန့်နိုးလာသူလို။ သို့သော် ဘာတွေဖြစ်ပျက်နေမှန်း သိဟန်တူသည်။ အစပိုင်းတွင် စိတ်ရှုပ်ထွေးနေကြပါသော်လည်း လက်များကို ဆုပ်ချည်ဖြန့်ချည်လုပ်လိုက်၊ ဟိုလှည့်ဒီလှည့်လုပ်လိုက်ဖြင့် ခန္ဓာကိုယ်ကို ပြည့်ပြည့်ဝဝ ပြန်လည်ထိန်းချုပ်နိုင်မှန်း သေချာသွားတော့မှသာ သူတို့၏မျက်နှာပေါ်တွင် ပျော်ရွှင်မှုများ ဖုံးလွှမ်းလာလေသည်။

ပြီးနောက် မိုင်လေးတို့ကို တစ်ချက်သာလှည့်ကြည့်ပြီး ကျွန်းပေါ်မှ ထွက်သွားရန်ပြင်လိုက်သည်။ အကာအကွယ်စည်းသည် နန်ကုန်းဟိုင် သေဆုံးပြီးနောက်တွင် သူ့အလိုလို ပျောက်ကွယ်သွားခဲ့ချေပြီ။ ထို့ကြောင့် အနှီသားရဲများကို တားဆီးနိုင်သောအရာဟူ၍ မရှိတော့ပါ။

သို့သော် ထိုအချိန်တွင် တဖြည်းဖြည်း လျင်မြန်လွန်းသော အလင်း၏အရှိန်ဖြင့် နီးကပ်လာသော၊ ကြီးမားပြင်းထန်လွန်းသော စွမ်းအားအရှိန်အဝါတစ်ခုကို ခံစားလိုက်ရတာကြောင့် ထွက်သွားရန်ပြင်နေသော သားရဲများလည်း ရပ်တန့်သွားခဲ့သည်။

အကုန်လုံး ကောင်းကင်ယံသို့ မော့ကြည့်လိုက်မိ၏။

နေ၏အလင်းကို ထွင်းဖောက်လျက် တရိပ်ရိပ်နီးကပ်လာသော အလင်းတစ်ခု၊ ၎င်းသည် မည်သည့်ဘက်ကိုမှ ကွေ့ဝိုက်မသွားပဲ ကျွန်းပေါ်သို့ တည့်တည့်ဆင်းသက်လာတာကြောင့် လူတိုင်း သတိအနေအထားဖြင့် နေလိုက်ကြသည်။ ဆိုးဝါးလွန်းသော အိပ်မက်ဆိုးများ လွန်မြောက်ခဲ့ပြီးနောက် နောက်တစ်ဖန် ထပ်မကြုံတွေ့ချင်သည်မှာ သက်ရှိများ၏သဘာဝပင်။

Benjamin က Nolan ၏ဒဏ်ရာများကို ကုသပေးနေရင်း တည်ငြိမ်နေသော မိုင်လေးကိုလှည့်ကြည့်ကာ ရောက်လာသောသူက ရန်သူမဟုတ်မှန်း သဘောပေါက်လိုက်သည်။ ထို့ကြောင့် Nolan ၏ ဒဏ်ရာများကိုသာ ဂရုတစိုက် ကုသပေးနေခဲ့သည်။

ဒီကလေးဟာ သာမာန်လူ့လောကမှာ အေးအေးချမ်းချမ်းနဲ့ တောက်ပရမယ့် ကြယ်လေးတစ်ပွင့်ပဲ။ ဒါပေမဲ့ သူနဲ့တွေ့ဆုံမိခါမှ မကြာခန နာကျင်နေခဲ့ရပြီ..!

Forever More (Extra)Where stories live. Discover now