17

799 77 6
                                    

Unicode

နောက်ဆုံးတော့ မိုင်လေးခမျာ ပြိုင်ပွဲဆက်ပြိုင်ခွင့်မရတော့ပဲ ဖုန်းစစ်ယွင် ဆွဲခေါ်ရာနောက် ပါသွားရတော့သည်။

နှစ်ဦးသား မျက်နှာချင်းဆိုင် ရပ်တန့်လိုက်ကြပြီး ဖုန်းစစ်ယွင်က အရင်စပြောလာသည်။

“ကိုယ်ပြောနေတယ်.. ပျက်သုန်းခြင်းနယ်မြေထဲ သွားစရာမလိုပါဘူးဆို..”

“ဒါပေမဲ့ ဟိုကူပိုးကောင်က…….”

မိုင်လေး၏မျက်ဝန်းများက ဖုန်းစစ်ယွင်၏ ဘယ်ဘက်ရင်အုံပေါ်သို့ ရောက်သွားခဲ့သည်။

ဖုန်းစစ်ယွင်ကလည်း မိုင်လေး၏အကြည့်ကို သတိထားမိလိုက်သည်။ ဘယ်ဘက်လက်ဖြင့် သူမ၏ခါးကို ဆွဲပွေ့လျက် ခန္ဓာကိုယ်ချင်း နီးကပ်စေလိုက်ပြီး ညာဘက်လက်က သူမ၏မေးကို ပင့်တင်၍ အကြည့်ချင်းစုံစေသည်။ ပြီးနောက် နှုတ်ခမ်းထက်သို့ အနမ်းဖွဖွခြွေလျက်..

“စိတ်မပူနဲ့တော့.. ကိုယ်ဖြေရှင်းနိုင်တယ်..”

အမှန်တော့ ဖုန်းစစ်ယွင်၏ နှလုံးအလယ်တည့်တည့်တွင် ကူပိုးကောင်တစ်မျိုး ရှိနေသည်။ ဖုန်းစစ်ယွင်၏စွမ်းအင်များ ချိပ်ပိတ်ခံထားရသည့်အချိန် သွမ့်ချင်းနန်က အပေးအယူဖြင့် ကူညီပေးခဲ့သော်လည်း နှလုံးအိမ်ထဲသို့ ကူပိုးကောင်တစ်မျိုးကို တိတ်တဆိတ် ထည့်သွင်းသွားခဲ့သည်။

ထိုအရာက နှလုံး၏ပင်မသွေးကြောတွင် လျှို့ဝှက်စွာ တွယ်ကပ်နေပြီး ခန္ဓာကိုယ်ပိုင်ရှင်ပင် သတိထားမိရန်မလွယ်။ သို့သော် ဖုန်းစစ်ယွင်က သူ့မျိုးနွယ်၏ ထူးခြားချက်ကြောင့် ချက်ချင်း သတိပြုမိလိုက်သည်။ တခြားလူများအတွက် ပြဿနာကြီး ဖြစ်နိုင်သော်လည်း သူ့အတွက် အရေးမပါသောကြောင့် ဂရုမထားခဲ့ပေ။

ထို့နည်းတူ မိုင်လေးကလည်း ဖုန်းစစ်ယွင်၏သွေးကြောကို စမ်းသပ်လိုက်သည်နှင့် အလွယ်တကူ သိရှိသွားခဲ့သည်။ ထို့ကြောင့် သားရဲပြိုင်ပွဲကို တမင်ဝင်ပြိုင်၍ ပျက်သုန်းခြင်းနယ်မြေထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့ခြင်းပင်။

အနှီကူပိုးကောင်ကို ဆိုးကျိုးမရှိပဲ ဖယ်ရှားနိုင်ရန် ပစ္စည်းတစ်ခု လိုအပ်နေသည်။ ထိုအရာက ပျက်သုန်းခြင်းနယ်မြေထဲတွင် ရှိနေသည်။

Forever More (Extra)Onde histórias criam vida. Descubra agora