15

785 89 5
                                    

Unicode

“ကျေးဇူးပြုပြီး ဟိုဘက်နည်းနည်း တိုးပေးနိုင်မလား..?”

နန်ကုန်းဟိုင်အလှည့်ပြီးနောက် နောက်ပိုင်းပွဲစဉ်များကို စောင့်ကြည့်နေရင်း သူမရှေ့လာရပ်သော လူရိပ်ကြောင့် မိုင်လေး မော့ကြည့်လိုက်သည်။

ထိုလူရိပ်မှာ တခြားမဟုတ်၊ မျက်နှာတစ်ခုလုံး မည်းမှောင်နေသော ဖုန်းစစ်ယွင်ပင်။ နန်ကုန်းဟိုင်ကို စူးစူးရဲရဲ စိုက်ကြည့်နေရင်း ဘေးဘက်နေရာလွတ်ကို လက်ညှိုးညွှန်ပြလာ၏။ ပြီးနောက် အတော်လေး အံကြိတ်ထားရသည့် လေသံဖြင့်..

“ညီနောင်.. ဟိုဘက်မှာ ထိုင်ခုံအလွတ်တွေ ရှိတယ်လေ..!”

အမှန်ပင် ပွဲအစပိုင်းနှင့်ခြားနားစွာ ပထမပွဲစဉ်ပြီးနောက် ရှုံးနိမ့်သွားသော ပြိုင်ပွဲဝင်တစ်ဝက်ခန့်က ထွက်ခွာသွားကြသည်။ တချို့က ထိုင်ခုံရှိရာ ပြန်လာကြသလို တချို့ကတော့ ပရိသတ်ပွဲကြည့်စင်ဘက် ရောက်သွားကြ၏။ ထို့ကြောင့် ထိုင်ခုံတော်တော်များများ နေရာလွတ်သွားခဲ့သည်။

မိုင်လေးက အစွန်ဆုံးမှာ ထိုင်နေခဲ့သောကြောင့် သတိမထားမိခဲ့ခြင်းသာ။ နန်ကုန်းဟိုင်၏ ဘေးဘက်တွင်လည်း ထိုင်ခုံနေရာများစွာ လစ်ဟာနေလေသည်။ ထို့ကြောင့် ရှာလကာရည်မွှန်နေသော ဖုန်းစစ်ယွင်တစ်ယောက် စိတ်မထိန်းနိုင်တော့ပဲ ရောက်လာခဲ့ခြင်းပင်။

မိုင်လေးက နန်ကုန်းဟိုင်ကို အားတုံ့အားနာစွာ လှည့်ကြည့်လိုက်သည်။

နန်ကုန်းဟိုင်ကတော့ ထုံးစံအတိုင်း မျက်နှာသေဖြင့်သာ။ စိတ်ဆိုးခြင်းအလျင်းမရှိသလို ဂရုစိုက်ဟန်လည်းမပေါ်။ သို့သော် မိုင်လေးဘက်သို့ တချက်လှည့်ကြည့်ကာ သိမ်မွေ့စွာ ပြုံးပြလာပြီး..

“အားမနာပါနဲ့.. ကလေးထိန်းရတာ အရမ်းခက်မှာပဲ..”

ထိုစကားတစ်ခွန်းကိုသာပြော၍ ဘေးသို့ ရွှေ့ပေးသည်။

အာ..! ‘လူလိမ္မာအမျက် အပြင်မထွက်’ဆိုတာ ဒီလိုမျိုးပါလား။ ရန်စကားမပြောပဲ ပညာသားပါပါနဲ့ ဖဲ့သွားတာ တော်ချက်ပဲ။ နန်ကုန်းဟိုင်က ဇာတ်လိုက်ဖြစ်နိုင်လောက်တယ်။ စိတ်ဝင်စားဖို့ကောင်းတယ်..!

Forever More (Extra)Where stories live. Discover now