10

963 99 3
                                    

Unicode

“What the F**k..!!!”

“ဒုန်း..!”

မိုင်‌လေးတစ်ယောက် ခုတင်ပေါ်မှ ပက်လက်လန်ကျသွားသည်။

နာကျင်မှုကို ဂရုမစိုက်နိုင်သေးသလို သူမ,ပြောလိုက်သည့် ဘာသာစကားကိုလည်း အာရုံမစိုက်မိ။ ခုတင်စွန်းကို အားပြုကာ ကုန်းရုန်းထရင်း ခုတင်ပေါ်မှ တစ်စုံတစ်ယောက်ကို မော့ကြည့်လိုက်သည်။

ခုတင်အတွင်းဘက်ဝယ် ခေါင်းအစခြေအဆုံး စောင်ခြုံထားသော လူငယ်လေး၏ ပြာလဲ့လဲ့မျက်ဝန်းတစ်စုံကိုသာ တွေ့နိုင်၏။ နံရံကိုကျောမှီကာ ဒူးပိုက်ထိုင်နေရင်း သူမကို မဝံ့မရဲကြည့်နေပုံက အနိုင်ကျင့်ခံနေရသော မိန်းမပျိုလေးနှယ်။

မိုင်လေးက ခပ်လှောင်လှောင် ရယ်မောလိုက်ရင်း လက်ဖဝါးပြင်ထက်မှ ကျန်ရစ်နေဆဲဖြစ်သော အငွေ့အသက်လေးကို ပြန်တမ်းတလိုက်သည်။

အိပ်ရာကနိုးခါစ အိပ်တစ်ဝက်နိုးတစ်ဝက် ဖြစ်နေတဲ့အချိန် သူမရဲ့လက်က အဖုအထစ်တချို့ကို မသိစိတ်အရ ပွတ်သပ်နေခဲ့မိသည်။ ထိုအရာသည် ပြေပြစ်သော်လည်း ဖုထစ်နေသော၊ အိစက်သော်လည်း တောင့်တင်းနေသော၊ ဆန့်ကျင်ဘက် ဂုဏ်သတ္တိနှစ်ခုကို အချိုးကျရောစပ်ထားပြီး ငြိမ့်ညောင်းတဲ့ ခံစားချက်တစ်ချို့ကို ပေးစွမ်းနေလေ၏။ ရပ်တန့်ခြင်းငှာ မစွမ်းသာခဲ့ပေ။

နွေးထွေးမှုရှိရာ သူ့အလိုလို ချဉ်းကပ်သွားမိသည်။ ထိုအရာကို ဖက်တွယ်လိုမိသည်။ ရင်းနှီးကျွမ်းဝင်နေသော ခံစားချက်အတိုင်း လိုက်ပါစီးမျောနေမိသည်။

သို့သော် ထိုအရာက ဘာကြီးလဲ..?!

“အာ့.. ကျစ်..!”

သူ့မရဲ့အသိစိတ်ကို နှိုးဆွလိုက်ပါသော မချင့်မရဲ ညည်းသံယဲ့ယဲ့။

အိပ်ချင်နေသော မိုင်လေးခမျာ အသိစိတ်နိုးကြားသွားပြီး မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်..

မြင်လိုက်ရသည်က အမျိုးသားတစ်ဦး၏ အနီးကပ်မျက်နှာပြင်၊ ရီဝေနေသော မျက်ဝန်းတစ်စုံနှင့် သူမရဲ့မျက်နှာကို ရိုက်ခတ်လာသော အသက်ရှူငွေ့နွေးနွေး။

Forever More (Extra)Where stories live. Discover now