6

826 67 0
                                    

Unicode

အမှတ်မထင် ကြားလိုက်ရသော သတင်းတချို့ကြောင့် မိုင်လေး၏အာရုံက ဘေးစားပွဲဝိုင်းမှ လူတစ်စုထံသို့ ရောက်သွားခဲ့သည်။

"ငါကြားတာတော့ သားရဲသခင်ပြိုင်ပွဲကို အရှင်သခင်ထျန်းဟူလည်း လာမယ်တဲ့.."

"ဟုတ်လို့လားကွာ.. အဲ့တစ်ယောက်က အလကားသပ်သပ် xင်ခေါင်းကျယ်နေတာ.. ဒဏ္ဍာရီလာဖီးနစ်ငှက်ကို ကြက်ကန်းဆန်အိုးတိုး ရသွားပြီးကတည်းက တောင်ပေါ်ကနေ ဆင်းမလာတာ ဘယ်လောက်ကြာပြီလဲ..?"

"ဟျောင်.. တိုးတိုးပြောကွ.. သူ့ကိုဖားချင်နေတဲ့လူတွေ အများကြီး.. မင်းဘဝ အလောင်းပါမကျန်အောင် ဖြစ်သွားမယ်.."

"အဲ့တာတော့ ဟုတ်တယ်.. ရုပ်ကလည်းချောတော့ သားမက်တော်ချင်နေတာတွေ၊ လင်တော်ချင်နေတာတွေ အများကြီးပဲ.. လောကကြီးက မတရားဘူးကွာ.. တကယ်မနာလိုဘူး.."

အရှင်သခင်ထျန်းဟူအကြောင်း စကားစပြောခဲ့သည့်လူက ထပ်ပြောလာခဲ့သည်။

"မင်းတို့လုပ်တာနဲ့ ပြောနေတဲ့စကားတောင် ပျောက်သွားပြီ.. ဆက်ပြောရဦးမှာလား..?"

"ဆက်ပြော ဆက်ပြော.."

"ဒီလိုကွာ.. သခင်ထျန်းဟူက တပည့်လက်မခံသေးဘူးလေ.. အဲ့တာကြောင့် ဒီတစ်ခေါက်ပြိုင်ပွဲက တော်တော်ပြင်းထန်လိမ့်မယ်.. ဟီးဟီး လောင်းကြေးကလည်း ရှယ်ပဲ.."

"ပေါက်ပြီ.. အဲ့တာမျိုးမှ စိတ်ဝင်စားတာ.."

လောင်းကစားကိစ္စဘက် ရောက်သွားတာကြောင့် မိုင်လေးလည်း လျစ်လျူရှုလိုက်သည်။ ထိုအစား ရရှိလိုက်သည့် သတင်းအချက်အလက်များကို စုစည်းနေလိုက်သည်။

အရှင်သခင်ထျန်းဟူဆိုပါလား..! သူတို့တွေ ပြောတဲ့အတိုင်းဆို တော်တော် ဘဝင်မြင့်တဲ့လူမျိုးပဲ။ ဒဏ္ဍာရီလာသားရဲကိုလည်း ပိုင်ဆိုင်ထားတယ်ဆိုတော့ ကိုကို Ryan ဖြစ်နိုင်လောက်လား..?

မိုင်လေး၏စိတ်ထဲ၌ အချက်အလက်အတိုင်း ကောက်ချက်ချနေမိသည်။ သို့သော် စိတ်ခံစားချက်မှာ ဘာကြောင့်ရယ်မသိ ရှုပ်ထွေးလျက်။ ခေါင်းကို အသာခါရမ်းလိုက်ပြီး ငါးတစ်ကောင်ကို အရိုးဆက်နွှင်လိုက်နေမိသည်။ ထို့နောက် အဝါလုံးလေး၏ ပန်းကန်အတွင်းသို့ ထပ်တည့်ပေးလိုက်ပါရင်း ဆုံးဖြတ်ချက်ချလိုက်သည်။

Forever More (Extra)Where stories live. Discover now