(1)Unicode

14.6K 743 7
                                    

ဒေသစံတော်ချိန် ည ၈ နာရီခွဲ၊ မြို့တော်လန်ဒန်ရဲ့ မိုးမျှော်အဆောက်အဦးတစ်ခုအတွင်းမှာတော့.....

"အင်း..ဆက်စောင့်ကြည့်ထား...ငါမနက်ဖြန်ပြန်လာမယ်..."

တီ!

မန်ဒရင်းဘာသာစကားနဲ့ အမိန့်ပေးသံဩ
ရှရှအဆုံးမှာတော့ ဖုန်းခေါ်ဆိုမှုဟာ ပြတ်တောက်လို့သွားပါတော့တယ်။

"အဟက်! ရှောင်းကျန့်...ခင်ဗျား ကျုပ်လက်က ပြေးမလွတ်စေရဘူး "

နှုတ်ခမ်းဘယ်ဘက်ထောင့်စွန်းကို လွင့်တက်နေအောင်ပြုံးရင်း ရေရွတ်လိုက်တဲ့စကားသံက မာတယ် ။ ပြတ်တယ်။ တကယ်လို့ အနားမှာသာတစ်ယောက်ယောက်ရှိနေမယ်ဆိုရင် တုန်လှုပ်သွားစေနိုင်တဲ့ အနေအထားမျိုးပဲဖြစ်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ရိပေါ် ဖုန်းကို ရေမြှုပ်မွေ့ရာခင်းထားတဲ့ခုတင်ပေါ်ပစ်တင်ပြီးတာနဲ့ ဝိုင်နီတစ်ခွက်နဲ့အတူ ရေချိုးခန်းထဲဝင်လာလိုက်တယ်။ ခါးပေါ်က မွေးပွတဘက်အဖြူကို ချွတ်ချပြီး bathtub ထဲဝင်စိမ်လိုက်တဲ့အခါအချိုးကျစပ်ထားတဲ့ ရေနွေးနွေးကြောင့် တစ်နေကုန်ပင်ပန်းထားသမျှဟာ လန်းဆန်းမှုနဲ့အစားထိုးလိုက်နိုင်ပြီပဲဖြစ်တယ်။

ဝိုင်ဖန်ခွက်ကို ခပ်သာသာလှုပ်ခတ်လိုက်ရင်း ရှောင်းကျန့်ဆိုတဲ့လူအကြောင်းတွေးနေမိတယ်။

ရိပေါ် သိရသလောက်ဆို ရှောင်းကျန့်က တစ်ကောင်ကြွက်သမား။အသေးစားကုမ္ပဏီလေးတစ်ခုရဲ့ ဂရပ်ဖစ်ဒီဇိုင်နာတစ်ယောက်။

ဝမ်မိသားစုနဲ့ပတ်သက်လာပုံကတော့ ရိပေါ် ပါးနဲ့မားတို့တက်တဲ့ ပါတီပွဲတစ်ခုမှာ
မားရဲ့နီလာလည်ဆွဲ ကျပျောက်တာကနေ စတယ်ပြောရမှာပဲ။
ပါတီပွဲမှာအချိန်ပိုင်း ဝိတ်တာဝင်လုပ်နေ
တဲ့ရှောင်းကျန့်က လည်ဆွဲကောက်ရလို့ ပြန်လာပေးသတဲ့။ ပါးနဲ့မားက ရိုးသားဖြူစင်လှချည်ရဲ့ဆိုပြီး ကျေးဇူးတုံ့ပြန်ဖို့ကြိုးစားတယ်။ အဲ့ဒီမှာတင် အရှိန်အဝါကြီးမားတဲ့ Wang Group ထဲကို ဒီဇိုင်း
ဌာနရဲ့အမြဲတမ်းဝန်ထမ်းအနေနဲ့ ဝင်လာခဲ့တော့တာပဲဖြစ်တယ်။

ဒါပေမဲ့ ကိစ္စက ဒီလောက်နဲ့တင်ပြီးမသွားဘူး။ ရှောင်းကျန့်ကို ဝမ်ဖွားဖွားကပါ သဘောကျနေပြီး အခုဆို ဝမ်အိမ်တော်ထဲအထိပါ ဝင်ထွက်သွားလာနေတာပဲ။ရိပေါ်က လွဲလို့ ဝမ်မိသားစုတစ်ခုလုံးက ရှောင်းကျန့်မှရှောင်းကျန့်ဖြစ်နေကြတော့တယ်။ကုမ္ပဏီမှာလည်း အတော်ရေပန်းစားတယ်ဆိုပဲ။ ဒီလူက စည်းရုံးတာတော့ သိပ်တော်တယ်။ပါးနဲ့မားကိုလည်း ဘယ်လိုအယုံသွင်းခဲ့တယ်မသိ။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now