ရိပေါ် လှေကားကနေ လေလေးတစ်ချွန်ချွန်နဲ့ဆင်းလာတော့ ဧည့်ခန်းမှာထိုင်နေတဲ့ ဖွားဖွား၊ ပါး နဲ့ မားတို့သုံးယောက်စလုံးက တအံ့တဩ လှည့်ကြည့်လာကြတယ်။ သူတို့အချင်းချင်း မျက်လုံးချင်းစကားပြောကြဖို့လည်းမေ့မနေဘူး။ ရိပေါ် က ဝတ်စုံပြည့်နဲ့အိမ်ကထွက်ဖို့ပြင်နေတာမို့ ပါးက မျက္မှန်ကိုကျော်ကြည့်ပြီး မေးလာလေရဲ့။
"ရိပေါ်...ဒါက ဘယ်လဲ"
"ဒီနေ့ ရုံးတက္မလို့ "
ရိပေါ်က ဖိနပ်စီးရင်းအေးအေးလူလူပြန်ဖြေတော့ ပါးက မားဘက်လှည့်ကြည့်ပြီး မေးဆတ်ပြတယ်။ဒီတော့မှ မားက လေချိုအေးကလေးနဲ့...
"သား..ရိပေါ်..အခုက ၇ နာရီတောင်မထိုးသေးဘူးလေ"
"ဝင်စရာရှိသေးလို့ပါ...ကျွန်တော်သွားပြီနော်...ရုံးမှာတွေ့မယ်"
"အယ်...မနက်စာစားသွားအုံးလေ "
မားရဲ့ စကားသံကို မကြားတော့တဲ့ရိပေါ်တစ်ယောက် ကားသော့ကိုလွှဲခါကစားပြီး ထွက်သွားတဲ့အခါ တစ်အိမ်သားလုံးကတော့ ကြောင်အအနဲ့ ကျန်ရစ်ခဲ့ကြပြီပဲဖြစ်တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရိပေါ် ဆိုင်တစ်ဆိုင်တွေ့ထားတယ်။
အဲ့ဒီဆိုင်က ဒူးရင်းကိတ်က တကယ့်ဒူးရင်းသီးရဲ့အနံ့အရသာအတိုင်း မွှေးပျံ့နူးညံ့လွန်းတာမို့ ဒူးရင်းသီးကြိုက်တဲ့
ရိပေါ်အတွက်တော့ အံကိုက်ပဲ။ အစားကောင်းစားရတဲ့အခါ ချစ်ရသူကိုသတိရတတ်တာ ထုံးစံမို့ ရှောင်းကျန့်အတွက် ဒီ
နေ့ ဝယ်သွားပေးမလို့ပဲဖြစ်တယ်။
ရုံးအသွားမှာ ဝင်ပေးတာကတော့ မနက်စာအတူတူစားဖို့ ကြံရွယ်ထားလို့ပါပဲ။
ရှောင်းကျန့်က မနေ့ကမှ တိုက်ခန်းမှာ ပြန်နေတာမို့ လွန်ခဲ့တဲ့ရက်တွေမှာ ဖုန်းနဲ့ပဲ အဆက်အသွယ်လုပ်ဖြစ်တယ်။ စကားအများကြီးပြောရမှာ တွန့်တိုတဲ့ရှောင်းကျန့်က ရိပေါ်ကို ကောင်းကောင်းအလွမ်းသယ်ခွင့်တောင် မပေးပါဘူး။ ဒါကြောင့် ရိပေါ် အနေနဲ့ ပြင်းပြင်းပြပြကို လွမ်းနေရတာမို့ ချစ်ရသူဆီ အပြေးနှင်ရပါတော့မယ်။
ဆိုင်က ဒူးရင်းကိတ်အပြင် ဘလူးဘယ်ရီ cup cake ပါ အတော်လေးကောင်းတာမို့ ရိပေါ် ပိုပိုသာသာဝယ်သွားလိုက်တယ်။ တိုက်ခန်းရောက်တော့ ဘဲလ်နှိပ်ပြီးသိပ်မကြာခင်မှာ ရှောင်းကျန့် တံခါးလာဖွင့်ပေးပါတယ်။ ထင်မှတ်မထားလို့ထင်ပါရဲ့...
ရိပေါ်ကို ယောင်နနလေး ရပ်ကြည့်နေသေးတာရယ်။ မျက်နှာသစ်ပြီးခါစမို့ထင့် မျက်နှာလေးက ပိုလို့တောင် ကြည်စင်ဖူးမွတ်နေသေးတော့တာမို့ ရိပေါ်မှာ ဖျတ်ခနဲနမ်းပစ်လိုက်ချင်မိတဲ့အထိပါပဲ။
YOU ARE READING
ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)
Fanfiction"အဟက်! ရှောင်းကျန့်...ခင်ဗျား ကျုပ်လက်က ပြေးမလွတ်စေရဘူး "
