(22)Unicode

4.5K 409 3
                                    


  ရိပေါ် အလုပ်ရှုပ်နေတာ ငါးရက်ဆက်
တိုက်ရှိပြီ။ဆောင်းရာသီအမီထုတ်ကုန်
သစ်အတွက် လုံးပမ်းနေရတာမို့ စက်ရုံအထိ ပြေးလွှားစစ်ဆေးရတဲ့အပြင် အစည်းအဝေးတွေကလည်း အဆက္မပြတ်။
ပါးကိုယ်တိုင် အင်တိုက်အားတိုက်ဦးဆောင်နေတာမို့ ရိပေါ်မှာ မညည်းရဲ။ ရှောင်းကျန့်ဆီတောင် ဖုန်းမနည်းလုဆက်နေရတဲ့အဖြစ်။ ရှောင်းကျန့်ကတော့ အချိန်မရတဲ့ကြားက ဒီဇိုင်းပိုင်းတွေကို အားတက်သရောအကြံဉာဏ်ပေးနေသေးတော့တာ။ ဒါမျိုးကျ စကားနည်းတဲ့သူက တတွတ်တွတ်နဲ့ကို ပြောနေတော့တာနော်။ချစ်စကားတွေ တီတီတာတာပြောချင်တဲ့
ရိပေါ်ကိုမှ အားမနာဘဲနဲ့လေ။

ဒီညတော့ သောကြာညလည်းဖြစ်တာမို့ ရိပေါ် သေချာပေါက် ရှောင်းကျန့်ဆီသွား
ရမှကို ဖြစ်မှာ။ ရှောင်းကျန့်တိုက်ခန်းမှာ အိပ်ဖို့တောင်းဆိုဖို့လည်း ဆုံးဖြတ်ထားပြီးသား။အမောပြေလေးဆီ ပြေးတွေ့ဖို့ရာ လောလောဆယ် ညစာစားဖို့လိုအပ်တာမို့ ထမင်းစားခန်းဆီ ဦးတည်ရပါတော့တယ်။

ရိပေါ် ရောက်သွားတော့ ပါးနဲ့မားက ထမင်းဝိုင်းမှာ ရောက်နှင့်နေကြပြီ။ ဖွားဖွားကိုမတွေ့တာမို့ ရိပေါ် ကုလားထိုင်ကိုဆွဲ
ယူရင်း မေးလို်က်တယ်။

"မား...ဖွားရော"

"မင်းဖွားက ညစာစောစော စားပြီးလို့ အနားယူနေပြီ...."

"အော့..."

မားက ပြန်ဖြေရင်းကနေ ရိပေါ်  ပန်းကန်ထဲ ဟင်းတွေထည့်ပေးလာတာမို့ ရိပေါ် တူကိုကောက်ကိုင်ပြီး စားဖို့ပြင်လိုက်တယ်။
အဲ့ဒီအခါ ရိပေါ်ကို အကဲခတ်နေတဲ့မားက မေးလာလေရဲ့။

"သား အပြင်သွားစရာရှိလို့လား"

ရာသီဥတုအေးစပြုနေပြီမို့ အိမ်နေရင်း
ဟူဒီတွေ ဆွယ်တာတွေဝတ်နေကျကနေ ဒီနေ့တော့ ထူးထူးခြားခြား သားရေဂျာကင်ဝတ်ထားတာမို့ မားက မေးလာတာပဲဖြစ်တယ်။

"အင်း...သွားမှာ...ဒီညပြန်မအိ်ပ်ဘူး"

ရိပေါ် ပလုတ်ပလောင်းပြန်ဖြေသံဆုံးတာနဲ့ ပါးက တူကို ပန်းကန်လုံးဘေးက စားပွဲပြင်ပေါ် ဆောင့်ချလိုက်ပြီး လေသံမာမာနဲ့ပြောလာတယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now