ရိပေါ် ဝမ်အိမ်တော်ပြန်ရောက်တော့ ဖွားဖွားက မှန်ပြတင်းဘောင်ပေါ်က ဘွန်ဆိုင်းပင်လေးကို ရေဖျန်းနေရင်းကနေ လှည့်
ကြည့်လို့ပြုံးပြလာတယ်။"မြေး...ပြန်ရောက်ပြီလား"
"ဟုတ်...အာ....ဖွား အပင်ရေလောင်းနေ
တာပါလား...ထူးထူးဆန်းဆန်း""ဟုတ်ပါ့ကွယ်....ဒီအပင်လေးက ဖွား လက်ဆောင်ရထားတာလေ"
ဖွားက ဘွန်ဆိုင်းပင်ပုလေးကို တစိမ့်စိမ့်ပြုံးကြည့်ရင်းဆိုလာတာမို့ ရိပေါ် စိတ်ဝင်စားသွားတယ်။
"ဟုတ်လား....ဘယ်သူပေးတာလဲဖွားရဲ့"
"အားကျန့်ပေးတာ...အယ်...အားကျန့်က မြေးတို့ကုမ္ပဏီမှာပဲလေ...သိရောသိကြရဲ့လား...မဖြစ်သေးပါဘူး...မြေးကို ပိတ်ရက်ကျရင် အားကျန့်နဲ့ သေချာမိတ်ဆက်ပေး
ရမယ်"လက်စသတ်တော့...ဒီအသုံးမကျတဲ့ ဘွန်ဆိုင်းပင်က ရှောင်းကျန့်ပေးထားတာကိုး။ရိပေါ်နဲ့ အထူးတလည်မိတ်ဆက်ပေးရလောက်အောင် ရှောင်းကျန့်က
အရေးပါနေပြန်ပြီပဲ။"မိတ်ဆက်ပေးရအောင် သူကဘာမို့လို့လဲ"
ဒေါသရိပ်စွက်တဲ့လေသံနဲ့အတူ မျက်ခုံးကိုတွန့်ချိုးထားလိုက်တဲ့အခါမှာတော့ ဖွားဖွားက ပြာပြာသလဲ ဟန့်တားလို့လာတယ်။
"အယ်...မရိုင်းပျရဘူးလေ မြေးရယ်...အားကျန့်က ချစ်ဖို့သိပ်ကောင်းတယ်...ဖွားအပေါ်လည်း သိပ်နွေးထွေးတာ"
"ပြောပါအုံး...သူ ဖွားကိုဘယ်လိုနွေးထွေးလဲဆိုတာ"
"မနှစ်တုန်းက ဖွားခြေအတက်ခွဲစိတ်ဖို့အတွက် ဆေးရုံတက်ရတာ မြေးသိတယ်မလား"
"ဟုတ်...သိတယ်လေ"
"ဖွား အနာမကျက်ခင် ဆေးရုံမှာပဲရှိနေသေးတဲ့အချိန်ကပေါ့...ဆေးရုံပန်းခြံကို ပြတင်းပေါက်ကနေလှမ်းမြင်နေရတာနဲ့တင် အားမရဘဲ ပန်းခြံထဲက ခုံတန်းလျားပေါ် သွားထိုင်ချင်ခဲ့တာ...ဝှီးချဲတွန်းပေးမယ့် အလုပ်သမားတွေ သူနာပြုတွေ ရှိပေမဲ့လည်း ဝှီးချဲနဲ့ မသွားချင်ပြန်ဘူး...သမီးနဲ့
သမက် ကလည်း အလုပ်ရှုပ်နေကြတော့ ကိုယ့်ကိုကိုယ် အသုံးမကျတဲ့ လူပိုတစ်ယောက်လိုခံစားလာရတယ်...တစ်ဉီးတည်းသောမြေးလေးကလည်း ရေခြားမြေခြားမှာမို့.. ဖွားလေ...ကော်ရစ်တာရဲ့သံပန်းကနေ ပန်းခြံကို ဒီတိုင်း ငေးကြည့်နေခဲ့ရတာ"
YOU ARE READING
ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)
Fanfiction"အဟက်! ရှောင်းကျန့်...ခင်ဗျား ကျုပ်လက်က ပြေးမလွတ်စေရဘူး "