Final(Unicode)

7.8K 501 39
                                    


ဥတုရာသီက ဆောင်းဦးကနေ ဆောင်းရာသီဆီ ဖြည်းဖြည်းချင်းတွန်းတိုက်ရွေ့လျားတယ်။အဖြူရောင်လိုက်
ကာစလေး လှပ်ဖွင့်လိုက်သလို....။

ရိပေါ် ရုံးခန်းထဲမှာ စာရင်းစာအုပ်တွေကြား ခေါင်းနစ်ဝင်နေတုန်း အခန်းတံခါးခေါက်သံကြားရတာမို့ ဝင်ခွင့်ပေးလိုက်တဲ့အခါ လက်ထောက်လီတစ်ယောက် ပြေးပြေးလွှားလွှားဝင်ချလာတယ်။ ပြီးတာနဲ့ ရိပေါ်ကို အသံအကျယ်ကြီးနဲ့အားရပါး​ရပြောလာတာက....

"CEO...ဒီဇိုင်းဌာနက ရှောင်းကျန့်လေ...ဒီနေ့ အလုပ်ပြန်ဝင်ပြီ..."

ဝမ်းသာအယ်လဲပြောလာတာမို့ ပြုံးဖြီးဖြီးမျက်နှာက အထင်းသားနဲ့။ ရိပေါ် သိပြီးသားကိစ္စမို့ ဘာမှထူးခြားမနေတာကိုမြင်တော့ လက်ထောက်လီတစ်ယောက် ဝေခွဲ
မရဖြစ်သွားပုံရတယ်။ ရိပေါ် နဲ့ ရှောင်းကျန့်ရဲ့ ပတ်သက္မှုကို မဆိုသလောက်တော့ ရိပ်မိထားတာမို့ လက်ထောက်လီက
မျက္မှန်ကို ပင့်တင်လိုက်ပြီးတစ်ယောက်တည်း ရေရွတ်သလို တိုးတိုးလေးပြောလာတယ်။

"ဦးဦးဖျားဖျား သိစေချင်လို့ဟာကို နောက်ကျသွားပြီပဲ..."

လက်ထောက်လီရဲ့မချိတင်ကဲ ရေရွတ်သံကြောင့် ရိပေါ် ပြုံးချင်သွားရတယ်။

ရှောင်းကျန့်က အိမ်မှာတစ်ယောက်တည်းနေမယ့်အစား အလုပ်ပြန်လုပ်ချင်ကြောင်း ရိပေါ်နဲ့ တိုင်ပင်ထားပြီးသားပဲဖြစ်တယ်။ ရိပေါ် ပါးက ရာထူးကြီးကြီးပေးတာကိုတောင်လက္မခံဘဲ အရှိန်အဝါအားမကိုးချင်သူလေးက အောက်ခြေကနေပဲ ကိုယ်တိုင်ကြိုးစားသွားချင်ပါသတဲ့။
ဒီတော့လည်း ရိပေါ်အနေနဲ့ ရှောင်းကျန့် စိတ်ချမ်းသာသလိုသာ ခွင့်ပြုပေးရတာပါပဲ။

ဒီနေ့ ရှောင်းကျန့်အလုပ်ပြန်ဝင်မယ်မှန်းသိပေမဲ့ အလုပ်ရှုပ်နေတာမို့ ခဏမေ့ထား
ရတဲ့ဟာကို အခုကျ လက်ထောက်လီ သတိလာပေးလိုက္တော့ ချက်ချင်းကို တွေ့ချင်သွားရပြီမို့....

"ကော်ဖီသောက်ချင်......."

"ဒီဇိုင်းဌာနက ရှောင်းကျန့်ကိုယ်တိုင်ဖျော်ပြီး လာပို့ခိုင်းလိုက်ပါ့မယ်...CEO "

ရိပေါ် စကားတောင်မဆုံးသေး လက်ထောက်လီက စကားဖြတ်ပြီး စကားလုံး အတိအကျဆိုလာတယ်။ မျက်နှာကလည်း ရယ်ချင်စိတ်ကို မနည်းအောင့်အည်းထားတဲ့ရုပ်နဲ့။ ပြီးတာနဲ့
ရိပေါ်ကို ဦးညွှတ်လို့ အခန်းပြင်ကို ခပ်သွက်သွက်ပြေးတော့တာပဲ။ လက်ထောက်လီလည်း ခုနောက်ပိုင်းမှ ရိပေါ်အနားကပ်ရဲတာမို့ ရိပေါ် ခေါင်းခါ
ပြီးသာ ပြုံး​ေနခဲ့လိုက်တော့တယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now