(2)Unicode

6.8K 615 3
                                    


ပထမဆုံးနေ့မို့ ရိပေါ်  ကိုယ်တိုင်ကားမောင်းပြီး ကုမ္ပဏီကို ခပ်စောစောထွက်လာလိုက်တယ်။ ကျောင်းတစ်ဖက်နဲ့ လုပ်ငန်းအကြောင်းသင်ယူခဲ့ချိန်တုန်းကသာ ရုံးချုပ်ကိုရောက်ဖြစ်ခဲ့ပေမဲ့  ကျောင်းပြီးကတည်းက လန်ဒန်ရုံးခွဲဆီ တန်းသွားရတာမို့ အခုချိန်မှာ ရုံးတွင်းဝန်ထမ်းတွေနဲ့ အထူးတလည်ကျွမ်းဝင်နေတာမျိုးတော့ ဟုတ်မနေဘူး။ရိပေါ်လည်း ကားကို ပါကင်အထိ မောင်းဝင်လိုက်တယ်။လောလောဆယ် ရိပေါ်မှာက လက်ထောက်လည်းရှိမနေတာမို့ ပါး ပြန်မရောက်ခင်အထိတော့ ကိုယ့်အားကိုယ်ကိုးရုံပေါ့။

ကုမ္ပဏီဝင်ပေါက်ရောက်တဲ့အခါ  လုံခြုံရေးဝန်ထမ်းက ရိပေါ်ကိုနှုတ်ခွန်းဆက်ဖို့နေနေသာသာ မြင်မယ့်ပုံတောင်မပေါ်ဘူး။အကြောင်းအရင်းကတော့ လူတစ်ယောက်နဲ့အတူ စကားရပ်ပြောနေလို့ပဲဖြစ်တယ်။ဘာတွေများ အရေးကြီးနေလို့ ရိပေါ်ကိုတောင်မမြင်ရ
တဲ့အထိ ပြောနေကြပါလိမ့် ။ရိပေါ်လည်း စကျင်ကျောက်ပြားတွေနဲ့အလှဆင်ထားတဲ့ လှေကားထစ်တွေပေါ် နင်းတက်ရင်းကနေ အသာနားစွင့်လိုက်တယ်။

"မဟုတ်တာ ဦးလေးရယ်...ကော်ဖီအေးလေးတစ်ဗူးအတွက်နဲ့ ကျေးဇူးတင်စရာမလိုပါဘူး"

"အေးပါကွာ...ဒါဆိုရင်လည်းကျေးဇူးမတင်တော့ဘူးနော့.."

"ဟုတ်...ဒါဆိုကျွန်တော့ကို ခွင့်ပြုပါအုံး"

"ကောင်းပါပြီ...ဆရာရှောင်း"

လုံခြုံရေးဝန်ထမ်းကို ခေါင်းလေးညွတ်လို့နှုတ်ဆက်သွားတဲ့လူက ရိပေါ်ကို နောက်ခိုင်းထားလျက်သားအနေအထားနဲ့
မို့ မျက်နှာသေချာမမြင်လိုက်ပေမဲ့ အရပ်အတော်ရှည်ပြီး ခန္ဓာကိုယ်သွယ်လျလျပါပဲ။ ရိပေါ်စူးစမ်းနေတုန်းမှာပဲ အဲ့ဒီလူက လှေကားထစ်တွေပေါ် ခြေတံရှည်ကြီးတွေနဲ့ လွှားခနဲနေအောင် တက်သွားနှင့်ပြီပဲဖြစ်တယ်။

ဒါနဲ့ ရိပေါ်အမှတ်မမှားဘူးဆိုရင် ခုနက ဆရာရှောင်းလို့​ခေါ်သံ ကြားလိုက်သလားလို့။ နာမည်တူတွေရှိနေနိုင်ပေမဲ့ ရိပေါ်ကတော့ ဒီလူကို ရှောင်းကျန့်လို့ထင်မိတာပဲ။ နာမည်ကြီးလွန်းတဲ့ ရှောင်းကျန့်ကို မမြင်ဖူးသေးပေမဲ့ ခုလို သ​ေဘာမနောကောင်းပြနေပုံထောက်ရင်တော့ သေချာပေါက်ရှောင်းကျန့်ပဲဖြစ်ရမယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now