ရိပေါ် ရောက်သွားချိန်မှာ ရှောင်းကျန့်က ခုတင်ခေါင်းရင်းကို မှီထိုင်လို့နေတယ်။ဆေးသွင်းလိုက်ပြီး အိပ်ရေးဝသွားလို့နဲ့
တူရဲ့။ မျက်နှာလေးက သွေးရောင်ပြန်လွှမ်းနေပြီပဲဖြစ်တယ်။ရိပေါ် တစ်လှမ်းချင်းဝင်လာတာနဲ့ ပါးက မျက်ထောင့်နီကြီးနဲ့ကြည့်လာပြီး ရိပေါ် ပခုံးကနေ ခပ်ကြမ်းကြမ်းကိုင်ဆွဲလို့ အခန်းပြင်ကိုခေါ်ထုတ်တယ်။ ပြီးမှ အံကြိတ်ပြီးပြောလာလေရဲ့။"မင်းကို အိမ်ပြန်ခိုင်းတာကို ဘာလို့ ပြန်လာရတာလဲ..."
"ပါး...! ကျွန်တော့်ကို ရှောင်းကျန့်နဲ့စကားပြောခွင့်လေးတော့ပေးပါ ပါးရယ်"
ရိပေါ်အသံက တိုးဖွအက်ရှနေတုန်းပဲဖြစ်တယ်။မျက်ရည်တွေ လဲ့သီနေမှန်းသိပေမဲ့ ခုချိန်မှတော့ ရိပေါ် ရှက္မနေတော့ဘူး။
ပါးက ရိပေါ် မျက်နှာကိုတစ်ချက်စိုက်ကြည့်ပြီးတာနဲ့ စိတ်မကောင်းဖြစ်သွားပုံပါပဲ။ မျက်နှာလွှဲသွားပြီး ဘာမှပြန်ပြောမလာခဲ့ဘူး။ ပြီးတော့ အခန်းထဲကို ရုတ်တရက်ပြန်ဝင်သွားပြီး မားနဲ့အတူ ချက်ချင်းပြန်ထွက်လာကြလေရဲ့။ ရိပေါ်က ပါးတို့ပြုမူသမျှကို ငေးစိုက်ကြည့်နေဆဲမို့ ပါးဆီက စိတ်မရှည်သံစွက်တဲ့ သတိပေးစကား ထွက်ပေါ်လို့လာတယ်။"ပြောချင်တယ်ဆိုရင်လည်း...မြန်မြန်ဝင်တော့လေ ဘာရပ်လုပ်နေသေးတာလဲ"
"ပါးး! ကျေးဇူး...ကျေးဇူးပါ"
ရိပေါ် မပီမသပြုံးပြပြီး ကျေးဇူးတင်စကားဆိုတော့ ပါးက ရိပေါ် ပခုံးကိုဆုပ်ကိုင်ဖျစ်ညှစ်ပြီးနောက် ဖွဖွပုတ်ပေးလို့လာတယ်။ ပြီးတာနဲ့ အခန်းထဲကို တွန်းရွှေ့သွင်းတော့တာပါပဲ။ မားကတော့ ရိပေါ်တို့ သားအဖကို ဖျော့ဖျော့ကလေးပြုံးပြီးကြည့်နေရဲ့။
တံခါးဝဘက် မျက်နှာမူနေတဲ့ ရှောင်းကျန့်က ရိပေါ်ဝင်လာတာမြင်တာနဲ့ ချက်ချင်းမျက်နှာလွှဲသွားတယ်။ ရိပေါ် တစ်လှမ်းချင်း တိုးကပ်သွားတဲ့အခါ ရှောင်းကျန့်
က ဘေးဘီကို ငေးကြည့်စရာလည်းရှိမ
နေတာမို့ထင်ရဲ့။လက်သည်းခွံကြည်ကြည်လေးတွေဘေးက အသားစလေးတွေကို အာရုံစိုက်လို့ တတိတိဖဲ့ခွါနေတယ်။
YOU ARE READING
ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)
Fanfiction"အဟက်! ရှောင်းကျန့်...ခင်ဗျား ကျုပ်လက်က ပြေးမလွတ်စေရဘူး "