(18)Unicode

5.1K 474 0
                                    


အရက်ပြင်းမသောက်နိုင်တဲ့ရိပေါ်က ခုတလော မစို့မပို့လေးလောက်တော့ သောက်ဖြစ်တယ်။ လွမ်းစိတ်လေးများ သက်သာလိုသက်သာငြားနဲ့ပေါ့။ ဒီနေ့လည်း ဘားမှာတစ်ယောက်တည်းထိုင်သောက်နေတုန်း ရှောင်ဖုန်း ဆီကဖုန်းဝင်လာတယ်။ ရှောင်ဖုန်းက ခုနောက်ပိုင်း ရိပေါ်ဆီမကြာခဏဖုန်းဆက်လေ့ရှိတယ်။ ရှောင်ဖုန်းက အမှားမလုပ်ခဲ့တာမို့ သူတို့ကြားက ဆက်ဆံရေးမှာ ဘာမှပြောင်းလဲ
မသွားဘူးဆိုပေမဲ့ ရိပေါ် ဘက်ကပြောင်းလဲနေမှန်းတော့ သူကိုယ်တိုင်သာ
သိပါတယ်။ ရှောင်းကျန့်ငြင်းလိုက်ကတည်းက ရှောင်ဖုန်းဘက်က နောက်ဆုတ်​ပေးပြီးသားဆိုပေမဲ့ ရိပေါ်ကတော့ အူတိုတာအမှန်ပဲ။ ရည်းစားလုဖက်လို့တောင် မြင်မိတဲ့အထိ။ဒါကြောင့်မို့
အမြင်ကြည်လွန်းတယ်ရယ်လို့တော့ မဆိုသာဘူးပေါ့။

ရိပေါ် ဖုန်းကိုင်လိုက်တာနဲ့ ရှောင်ဖုန်းအသံက နားစည်ထဲတန်းတန်းမတ်မတ်ဝင်လာတယ်။

"ပေါ်ကော...ဘာတွေလုပ်နေလဲ"

"သောက်နေတယ်..."

"ကျွန်တော် ရှန်ဟိုင်းရောက်နေလို့ ပေါ်ကောကို လာတွေ့ချင်နေတာနဲ့အတော်ပဲ...
ဘယ်မှာသောက်နေတာလဲ ကျွန်တော်လာ
ခဲ့မယ်လေ"

"The Shed မှာ...လာခဲ့လေ"

"ဟုတ်...ပေါ်ကော...ကျွန်တော်အခုထွက်လာပြီ"

ဖုန်းကျသွားတာနဲ့ ရိပေါ် ကော့တေးတစ်ငုံသောက်လိုက်ပြီး မျက်နှာကြက်က ရောင်စုံမီးဆိုင်းတွေကို အဓိပ္ပာယ်မဲ့စွာ ငေးစိုက်
ကြည့်နေလိုက်တယ်။ The Shed က ရှန်ဟိုင်းရဲ့ နာမည်ကြီးဘားတွေထဲကတစ်ခုမို့ လူအတော်လေးစည်တယ်။ စင်တင်ဂီတဝိုင်းအပြင် စနူကာလည်းကစားလို့ရတာမို့ လူသံသူသံနဲ့ သီချင်းသံတွေက အကြားအာရုံဆီ တိုးတိုက်ရိုက်ခတ်နေတယ်။

မိန်းကလေးတစ်ချို့က ရိပေါ်နားမှာ ရစ်သီရစ်သီလုပ်နေပေမဲ့ ပေါ်တင်တော့မ
ချဥ္းကပ်ရဲကြဘူး။ မီးရောင်အောက္မှာတောင် ထက်ရှနေတဲ့အကြည့်နဲ့ တည်တင်းလွန်းတဲ့ ရိပေါ်မျက်နှာထားကြောင့်ပဲ
ဖြစ်ပါလိမ့်မယ်။

အချိန်တစ်ခဏကြာတော့ ရှောင်ဖုန်းရောက်လာတယ်။ ရိပေါ်က ဘားကောင်တာမှာထိုင်နေတာမို့ အလွယ်တကူရှာတွေ့သွားပုံပါပဲ။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now