(13)Zawgyicode

1.7K 70 0
                                    


ရိပေါ် ရှောင်းကျန့်နဲ့မတွေ့ဖြစ်တာ ရက်အနည်းငယ်ရှိနေပြီပဲဖြစ်တယ်။ရိပေါ်ကိုယ်တိုင် တမင်ခွင့်ပေးပြီးအနား
ယူခိုင်းထားတာမို့။ ရှောင်းကျန့်အနားယူ
နေတဲ့ကာလမှာ ရိပေါ်ကတော့ မအားလပ်ပါဘူး။ အလုပ်ကိစ္စတွေနဲ့လုံးလည်လိုက်နေတာရယ် ရှောင်းကျန့် အကြောင်း တွေးတောနေရတာတွေရယ်နဲ့ပေါ့။

ရှောင်းကျန့်ရဲ့နောက်ကွယ်ကို ခုထိမသိရသေးတာမို့ စိတ်ပျက်အားလျော့ချင်သလိုဖြစ်မိပေမဲ့ မကြာခင်သိရမယ်လို့လည်း ယုံကြည်နေမိပြန်တယ်။ ရှောင်းကျန့်က အန္တရာယ်တွင်းမှန်းသိလျက်နဲ့ သက်ဆင်းပစ်ချင်တဲ့စိတ်တွေကို ခုချိန်ထိ ချွန်းမအုပ်နိုင်သေးတာကိုတော့ ရိပေါ် မချင့်မရဲဖြစ်နေရတာ အမှန်ပါပဲ။

ရှောင်းကျန့်နဲ့ ပတ်သက်လာရင် ရိပေါ်စိတ်တွေက အလိုလိုနူးညံ့သွားတတ်ပြီး အမြဲဒွိဟဖြစ်နေတတ်တာ ဘာကြောင့်များပါလဲ။ မဖြစ်သင့်မှန်း သိသိကြီးနဲ့ မလိမ္မာတဲ့နှလုံးသားက  အ​တော်လေး ထိန်းရခက်ပါတယ်။

ဒီနေ့တော့ ရှောင်ဖုန်းက ရိပေါ်ဆီဆက်သွယ်လာတာမို့ ရုံးမှာပဲ လက်ခံတွေ့ဖို့စဉ်းစားထားတယ်။ ဘာတွေဘယ်လို လိမ်ညာအုံးမလဲဆိုတာတော့ ကြည့်ရသေးတာပေါ့။

"CEO...အပြင်မှာ မစ်စတာရှောင်ဖုန်း ရောက်နေပါပြီ"

"အင်း...ဝင်လာခိုင်းလိုက်"

လက်ထောက်လီအကြောင်းပြန်နေချိန်မှာ ရိပေါ်လည်း ဧည့်စားပွဲဆီလျှောက်လာလိုက်ပြီး ခြေချိတ်ထိုင်လိုက်တယ်။ တံခါးဝဆီကို အကြည့်ပို့လိုက်တဲ့အခါ ရှောင်ဖုန်းတစ်ယောက် ကုပ်ချောင်းချောင်းဝင်လာတာကိုတွေ့ရတယ်။ ရိပေါ်ထိုင်နေတဲ့ စားပွဲနားရောက်လာပေမဲ့ ဝင်မထိုင်ဘဲ လက်နှစ်ဖက်ကို ယှက်ထားပြီး မျက်လွှာချထားလေရဲ့။

'ရှောင်ဖုန်းက ထူးခြားနေပါလား ...ငါရိပ်မိမှန်းသိသွားလို့များလား'

ရိပေါ် မျက်ခုံးစိမ်းတွေတွန့်ချိုးပြီးစဉ်းစားနေတုန်းမှာပဲ ရှောင်ဖုန်းက ခန္ဓာကိုယ်ကို ၉၀ ဒီဂရီကိုင်းညွှတ်ပြီး တောင်းပန်စကားဆိုလာတယ်။

"တောင်းပန်ပါတယ် ပေါ်ကော "

ရုတ်တရက်ကြီးတောင်းပန်စကားဆိုလာတာမို့ ရိပေါ် မျက်ခုံးတစ်ဖက်ပင့်တင်ပြီး မေးလိုက်တယ်။

ကြာပန်းဖြူမျက်နှာဖုံးကို ခွါချပစ်မယ် (Completed)Where stories live. Discover now